Thursday, May 11, 2023

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်မှုခံရသည့် အိမ်ထောင်စုဝင်မိသားစုများအား ထောက်ပံ့ပစ္စည်းများပေးအပ်၊ လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်

 


နေပြည်တော် မေ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်အတွင်း မေလ ၈ ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခိုက်ခြင်းခံရသည့် အိမ်ထောင်စုဝင်မိသားစုများအား စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းနှင့် လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးခြင်းတို့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမနှင့် လေဘေးသင့်နေအိမ်များတွင် ဆောင်ရွက်ခဲ့ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လေဘေးသင့်အိမ်ထောင်စုများ တက်ရောက်ကြသည်။

ဦးစွာ မိုင်းဆတ်မြို့၊ ဝိန်းနေရပ်ကွက်ရှိ ကံ့ကော်မြိုင်ဘုန်းကြီးကျောင်းဝန်းအတွင်း နှစ်ကျိတ်ရှစ်ဆူစေတီတော် ထီးတော်မြေခမှုကြောင့် ပြန်လည်ဆောင်ရွက်ရမည့်အခြေအနေ များအား တာဝန်ရှိသူများက ဆရာတော်ထံမေးမြန်းလျှောက်ထား၍ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လေဘေးသင့်အိမ်ထောင်စု ၁၂ စုနှင့် ရပ်ကွက်၊ ကျေးရွာများရှိ လေဘေးသင့်အိမ်ထောင်စု ၅ စုအား နေရာအရောက်သွားရောက်ထောက်ပံ့ပေးခြင်း၊ စုစုပေါင်း အိမ်ထောင်စု ၁၇ စုတို့အား နယ်မြေခံတပ်နယ်ရှိတာဝန်ရှိသူမှ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ အသီးသီး ပေးအပ်ကြသည်။

ဆက်လက်၍ တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ လေဘေးသင့်ပြည်သူ ၃၀ ဦးအား လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment