နေပြည်တော် မေ ၇
မြန်မာနိုင်ငံကုန်သည်များနှင့်
စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်က ကြီးမှူးကျင်းပ သည့် အသေးစား၊ အငယ်စားနှင့်
အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းပြပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး
မရမ်းကုန်းမြို့နယ် ရှိ LOTTE ဟိုတယ်၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ
အတွင်းရေးမှူး စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ
အသင်းချုပ်မှဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အမှုဆောင်များ၊ အသေးစား၊ အငယ်စားနှင့်အလတ်စား
စီးပွားရေး လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
အစီအစဉ်အရ
အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းပြပွဲကို ပြည်ထောင်စုဝန်ကြီး၊
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်
များအသင်းချုပ် ဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
ထို့နောက်
အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အသေးစား၊ အငယ်စားနှင့်အလတ်စား
စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းပြပွဲကို ဈေးကွက်ရှာဖွေပေးခြင်း၊ ဘဏ္ဍာရေးလိုအပ်ချက်များ
အဖြေရှာပေးခြင်း၊ တီထွင်ဆန်းသစ်မှုကိုအားပေးခြင်း၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း၊
နည်းပညာအခက်အခဲများ ကူညီဖြေရှင်းပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပံ့ပိုးပေးခြင်းနှင့်ဖန်တီးပေးခြင်း၊
နိုင်ငံတကာစီးပွားရေးကွန်ရက်များနှင့် ချိတ်ဆက်ပေးခြင်းစသည့် ရည်ရွယ်ချက်ကောင်းများဖြင့်
ကျင်းပခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ၏ ၉၀ ရာခိုင်နှုန်း
ကျော်သည် MSME များဖြစ်ကြောင်း၊ နိုင်ငံ စီးပွားရေးတိုးတက်လာစေရေးအတွက် အသေးစား၊ အငယ်စား
နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေး တွန်းအားပေး ဆောင်ရွက်ရန်
လိုအပ်သည့်အတွက် လက်ရှိ ပြဋ္ဌာန်းထားသည့် မူဝါဒ၊ ဥပဒေနှင့် နည်းဥပဒေများ ပြင်ဆင်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း။
MSME
လုပ်ငန်းများအနေဖြင့် အဆင့်မြင့် ဒစ်ဂျစ်တယ်နည်းပညာ များ အသုံးပြုနိုင်ရေးအတွက် ဒစ်ဂျစ်တယ်အသုံးပြုမှုစွမ်းရည်များ
မြှင့်တင်ပေးနိုင်ရန် မဲခေါင်-လန်ချန်း ရန်ပုံငွေဖြင့် “MSMEs Upskilling and
Reskilling Digital Capacity Development Program for Integrating in the Digital
Economy” စီမံကိန်းကို ၂၀၂၃ ခုနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊
ထို့အပြင် အာဆီယံဒေသတွင်း MSME များ ဖွံ့ဖြိုးတိုးတက် ရေးအတွက်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊
MSME ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင် အစိုးရ၊ အဖွဲ့အစည်းများနှင့် MSME တို့
သုံးဦးသုံးဖလှယ် ဟန်ချက်ညီစွာပူးပေါင်းဆောင်ရွက် ရန်လိုကြောင်း၊ နိုင်ငံတော်က ကောင်းမွန်သည့်မူဝါဒများ
ချမှတ်အကောင်အထည်ဖော်၍ လိုအပ်သည့်ပံ့ပိုးကူညီမှုများကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး
အဖွဲ့အစည်းများကလည်းချမှတ်ထားသည့် မူဝါဒများနှင့်အညီ လိုက်ပါပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်း
အဖွဲ့များအပါအဝင် ပုဂ္ဂလိကကဏ္ဍဘက်ကလည်း ယခုထက် ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်ပေးပါရန်
ပြောကြားသည်။
ရှင်းလင်းတင်ပြ
ယင်းနောက်
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ က
အသင်းကြီးမှ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက်
ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ၊ ဆက်လက်ဆောင်ရွက်ပေးသွား မည့် အစီအမံများကိုရှင်းလင်းတင်ပြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ထို့နောက်
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသည့်
ဧည့်သည်တော်များသည် ပြည်တွင်း MSME ထုတ်ကုန်များ ခင်းကျင်းပြသ ထားမှုကို လှည့်လည်ကြည့်ရှုကြ
သည်။
မွန်းလွဲပိုင်းတွင်
သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး ညှိနှိုင်းအစည်းအဝေးကို မရမ်းကုန်းမြို့နယ်သလ္လာဝတီလမ်းရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၌ကျင်းပရာ စက်မှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံများမှ စက်ရုံမှူးများ၊
ဌာနတာဝန်ခံများ တက်ရောက်သည်။
ညှိနှိုင်းအစည်းအဝေးတွင်
ပြည်ထောင်စုဝန်ကြီးက ယခုဖြစ်ပေါ်နေသည့် ရာသီဥတုအခြေအနေအရ မိုချာမုန်တိုင်းသည် အားကောင်းလာပါက
ကွမ်းခြံကုန်းမြို့နှင့် ဖျာပုံမြို့အကြားမှလည်းကောင်း၊ စစ်တွေမြို့နှင့်ကျောက်ဖြူမြို့အကြားမှလည်းကောင်း
ဖြတ်သန်း၍ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်မည်ဟု မိုးလေဝသပညာရှင်များက ခန့်မှန်းတွက်ချက်ထားကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများ၊
စက်ရုံ၊ အလုပ်ရုံ၊ ရုံး၊ အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ကြိုတင်စီမံဆောင်ရွက်
ထားရမည်ဖြစ်ကြောင်း၊ သဘာဝ ဘေးအန္တရာယ်ကျရောက်နေစဉ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မည့်
အစီအမံများကိုလည်း ကြိုတင်မြော်တွေး စဉ်းစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်
ကျရောက် ပြီးပါကလည်း ပျက်စီးဆုံးရှုံးခဲ့မှုနှင့် ပတ်သက်၍ ဆောင်ရွက်မှုအစီအမံ များ၊
ဝန်ထမ်းများကို ကျန်းမာရေး စောင့်ရှောက်ပေးမည့် အစီအမံများကိုလည်း ကြိုတင်စဉ်းစားဆောင်ရွက်ထားရန်နှင့်
လုပ်ငန်းတာဝန်များကို အလေးအနက်ထား၍ ဆောင်ရွက်ကြရန်မှာကြားပြီး စက်ရုံမှူးများက သဘာဝ
ဘေးအန္တရာယ်ဖြစ်ပွားလာပါက ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုရှင်းလင်းတင်ပြရာ
ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက် မှာကြားသည်။
သတင်းစဉ်
No comments:
Post a Comment