Thursday, April 6, 2023

မြဝတီရုပ်မြင်သံကြား (၂၈)နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် မြဝတီစာပေတိုက် နှစ်ပတ်လည်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

 


နေပြည်တော်  ဧပြီ  

မြဝတီရုပ်မြင်သံကြား၏ (၂၈)နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် မြဝတီစာပေတိုက် နှစ်ပတ်လည်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် တောင်ညိုမြို့ရှိ အမှတ်() တပ်မတော် ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်၌  ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ စိတ်ဓာတ်ရေးရာနှင့် လူထုဆက်ဆံရေးကော်မတီဥက္ကဋ္ဌ၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်း၊ တပ်မတော်အရာရှိကြီးများ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်ခဲ့ကြ သည့် အငြိမ်းစားတပ်မတော် အရာရှိကြီးများ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် တပ်ကျောင်းများမှ နိုင်ငံတော်အဆင့် ပြည်တွင်းပြိုင်ပွဲများနှင့်      ပြည်ပပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် အရာရှိ၊ စစ်သည်၊ အစားခန့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့်      ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ စိတ်ဓာတ်ရေးရာနှင့် လူထုဆက်ဆံရေးကော်မတီဥက္ကဋ္ဌ၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးက ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် ဆုချီးမြှင့်ခြင်း အစီအစဉ်ကို  ကျင်းပပြုလုပ်ရာ မြဝတီရုပ်မြင်သံကြားတွင် (၁၀) နှစ်တိုင် တာဝန်ထမ်းဆောင်ခဲ့ကြသည့်     ဝန်ထမ်းများနှင့် ထူးချွန်ဆုရအရာရှိ၊ စစ်သည်၊ ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်        ဆုများကို တစ်ဦးချင်း ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက မြဝတီစာပေတိုက်မှ ထူးချွန်ဆုရ စစ်သည်၊   ဝန်ထမ်းများ၊ မြဝတီရောင်စုံဓာတ်ပုံပြိုင်ပွဲဆု၊ မြဝတီ၊ ငွေတာရီ၊ သုတအလင်းမဂ္ဂဇင်းတို့တွင် အကောင်းဆုံးကာတွန်း ဆု၊ ကဗျာဆု၊ ဆောင်းပါးဆု၊ ဝတ္ထုတိုဆုနှင့် ဝတ္ထုရှည်ဆုရရှိသူများကို  လည်းကောင်း၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြား ရေးမှူးက မြဝတီသတင်းစာတိုက်၊ ရတနာပုံသတင်းစာတိုက်နှင့် သဇင်အသံလွှင့်ဌာနတို့မှ ထူးချွန် ဆုရအရာရှိ၊ စစ်သည်၊ ဝန်ထမ်းများကိုလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။     

သတင်းစဉ်

No comments:

Post a Comment