Friday, April 21, 2023

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မကွေး ဧပြီ ၂၁

၂၀၂၃ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က မကွေးခရိုင် အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ခရိုင်အသီးသီးမှ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဘောလုံး အားကစား စိတ်ဝင်စားသည့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။










ဦးစွာ ခရိုင်ပေါင်းစုံ အသက်(၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်လှစ်နိုင်ရေး စစ်ကြောင်းမှူးက တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ တန်းအပ် သတင်းပို့ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ခရိုင်ပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြင့် မားလာစေရန်၊ အားကစားလှုပ်ရှားမှုများပြုလုပ်ခြင်းဖြင့် စုပေါင်းလှုပ်ရှားသော အလေ့အကျင့် ကောင်းများ ရရှိလာစေရန်၊ ဖွံ့ဖြိုးသော မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် တိုင်းဒေသကြီးလက်ရွေးစင် အားကစားသမားများမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင် ဘောလုံး အားကစားသမားကောင်းများ ထွက်ပေါ်လာစေရန်ရည်ရွယ် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဘောလုံးအားစားနည်းသည် နေရာဒေသမရွေး လူမျိုးမရွေး လူအများ စုပေါင်းဖွဲ့စည်း၍ လွယ်ကူစွာ ကစားနိုင်သည့်ကစားနည်းဖြစ်ပြီး တစ်ဦးကောင်းတစ်ယောက်ကောင်း ကစားရသည့် အားကစားနည်းမျိုးမဟုတ်ဘဲ အသင်းလိုက်စုစည်းပြီး တစ်ဦးနှင့်တစ်ဦး အချိတ်အဆက်မိမိ ယှဉ်ပြိုင်ကစားရသော အားကစားနည်းဖြစ်သည့်အပြင် မြန်မာပြည်တွင်သာမက ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် လည်း မိမိတို့၏ ကစားနည်းစွမ်းရည်များ တိုးတက်မြင့်မားလာစေရန် ခေတ်စနစ်နှင့် ညီသော နည်းစနစ် ပရိယာယ်များ တိုးတက်လာစေရန် စဉ်ဆက်မပြတ် လေ့ကျင့်နေရန်လိုအပ်သလို အုပ်ချုပ်သူ နည်းပြများမှ ချမှတ်ထားသော စည်းကမ်းများနှင့် အမိန့်များကို နာခံတတ်ရန် လိုအပ်ပါ ကြောင်းနှင့် နိုင်ငံတော်မှ အားထားရသည့် အနာဂတ်လူချွန်လူကောင်းများ ဖြစ်လာသည်အထိ ကြိုးစားကြစေလိုကြောင်း စသည်ဖြင့် ပြောကြားကာ၊ ၂၀၂၃ ခုနှစ်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၈) နှစ်အောက် အမျိုးသား ဘောလုံးပြိုင် ပွဲကို ဖွင်းလှစ်ပေးသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အာကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက်အား ပြိုင်ပွဲဝင် အားကစားသမားများ၊ နည်းပြ/အုပ်ချုပ်သူများက စုပေါင်းရွတ်ဆိုခဲ့ပြီး ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာခဲ့ပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပထပွဲစဉ်အဖြစ် မင်းဘူးခရိုင်အသင်းနှင့် အောင်လံခရိုင် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အောင်လံခရိုင်အသင်းက (၃)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို (၂၀.၄.၂၀၂၃)ရက်နေ့မှ (၃၀.၄.၂၀၂၃)ရက်နေ့အထိ ကျင်းပ သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးမှ ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

မောင်ညီညာ 

No comments:

Post a Comment