Friday, April 21, 2023

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင် ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန် အတွင်း ရေဝင်ရောက်မှု နည်းပါးသည့် အခြေအနေများအား ကြည့်ရှုစစ်ဆေး

 




နေပြည်တော် ဧပြီ ၂၁

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းနောင်၊ ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန်အတွင်း ရေဝင်ရောက်မှုနည်းပါးသည့် အခြေအနေကို ယမန်နေ့ မွန်းလွဲပိုင်းက လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထိုသို့ လှည့်လည်ကြည့်ရှုစစ်ဆေးရာတွင် ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် တာဝန်ရှိသူများ ကန်တော်မင်္ဂလာ ရှမ်းကန်အတွင်း ရေဝင်ရောက်မှုနည်းပါးသည့် အခြေအနေများအား သက်ဆိုင်ရာ ကဏ္ဍများအလိုက် စီမံဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်က ရေပြန်လည်ရရှိရေး၊  ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ၊ ကန်ပတ်ဝန်းကျင် သာယာလှပရေးများကို အလေးထား ဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မျိုးသီဟ (ပြန်/ဆက်)

No comments:

Post a Comment