Tuesday, April 18, 2023

ဥပဒေရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ မြန်မာနှစ်ဆန်း ၁ ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူခြင်း အခမ်းအနားကျင်းပ

 



နေပြည်တော် ဧပြီ ၁၇

ဥပဒေရေးရာဝန်ကြီးဌာန အရာထမ်း၊ အမှုထမ်းမိသားစုများ၏ မြန်မာနှစ်ဆန်း ၁ ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူသည့် အခမ်းအနားကို ယနေ့ ညနေ ၃ နာရီတွင် ရုံးရှေ့ပရဝဏ်၌ ကျင်းပရာ ရှေးဦးစွာ သံဃာတော်အရှင်သူမြတ်တို့ထံမှ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် ညွှန်ကြားရေးမှူးများ က ငါးပါးသီလ ခံယူဆောက်တည် ကြသည်။

ထို့နောက် ပင့်သံဃာတော် အရှင်သူမြတ်တို့က အန္တရာယ်ကင်း ပရိတ်တရားတော်များ ဆက်လက်ချီးမြှင့်ပြီး ကမ္မဝါစာများကို ရွတ်ဖတ်သရဇ္ဈယ်ကြသည်။

ဆက်ကပ်လှူဒါန်း

ဆက်လက်၍ ပင့်သံဃာတော် အရှင်သူမြတ်တို့အား ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် အမှူးပြုသော ဧည့်ပရိသတ်အပေါင်းတို့က လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး ရေစက်သွန်းချ အမျှပေးဝေကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment