မြစ်ကြီးနား ဧပြီ ၁၇
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် သင်္ကြန်ကာလအတွင်း ပြိုင်ပွဲဝင် ယိမ်းများအနက် ဆုရ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များအား ဂုဏ်ပြု ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ ညနေ ၆ နာရီခွဲက မြစ်ကြီးနားမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ပိတ်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်ဦးတူးဂျာနှင့်ဇနီး၊ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်အားပေးခဲ့ကြပြီး ရှေးဦးစွာဒိုင်ချုပ် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၏ ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရယိမ်းအဖွဲ့များ၏ အမည်စာရင်းကို ကြေညာသည်။
ထို့နောက် ဆုရယိမ်းအဖွဲ့များအတွက်ဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများကစီဒီဖြင့် ယိမ်းအကပြိုင်ပွဲတွင် အထူးဆု၊ ပထမ၊ ဒုတိယနှင့် တတိယဆုရအသင်းများ၊ စီဒီဖြင့် ကိုယ်ပိုင်သံစဉ်/ ကိုယ်ပိုင်စာသား အကဆုရ ယိမ်းအဖွဲ့များ၊ စီဒီဖြင့် ကိုယ်ပိုင်သံစဉ်/ကိုယ်ပိုင်စာသားအား အကောင်းဆုံးသီဆိုသူဆုရ ယိမ်းအဖွဲ့များ၊ တီးဝိုင်းဖြင့် ကိုယ်ပိုင် သံစဉ်၊ ကိုယ်ပိုင်စာသားယိမ်းအက ဆုရသူများ၊ တီးဝိုင်းဖြင့် ကိုယ်ပိုင်သံစဉ်/ ကိုယ်ပိုင်စာသား ဝါသနာ ရှင်အဆင့်ပြိုင်ပွဲတွင် သီဆိုသူဆုရ ယိမ်းအဖွဲ့များအတွက် တစ်ဦးချင်းလည်ဆွဲတံဆိပ်၊ ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီးတို့က ပညာရှင်အဆင့် တီးဝိုင်းဖြင့် သီချင်းစာသားဆုရ ယိမ်းအဖွဲ့များအတွက် လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က တီးဝိုင်းဖြင့် အလွတ်တန်းကိုယ်ပိုင်သံစဉ်/ကိုယ်ပိုင်စာသားဖြင့် ပထမ၊ ဒုတိယနှင့် တတိယဆုရ ယိမ်းအဖွဲ့များအတွက် လည်းကောင်း တစ်ဦးချင်း လည်ဆွဲတံဆိပ်၊ ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အကျိုးပြု တေးသီချင်းသီကုံးရေးစပ်သူအား အထူးဂုဏ်ပြုဆုအဖြစ် ငွေကျပ်(၁၀)သိန်းနှင့် ဒိုင်အဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ပြည်နယ် တို င်းရင်းသား ရေးရာဝန်ကြီးက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ ချီးမြှင့်သည့် ငွေကျပ်သိန်း ၅၀ နှင့် အလှူ ရှင်များမှ လှူဒန်းသည့် ငွေကျပ်သိန်း ၅၀ တို့ကို ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များအားလုံးနှင့် ဆိုင်းဝိုင်းအဖွဲ့၊ ခေတ်ပေါ်တီးဝိုင်းအဖွဲ့နှင့် အခမ်းအနားမှူးများအတွက် ချီးမြှင့်ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် က ပြိုင်ပွဲဝင် ယိမ်းအဖွဲ့များနှင့် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် ပထမ၊ ဒုတိယနှင့် တတိယဆုရ အသင်းများ၏ ကပြဖျော်ဖြေမှုကို ကြည့်ရှုအား ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို အောင်မြင်စွာပိတ်သိမ်းလိုက်ကြောင်းနှင့် ၁၃၈၅ ခုနှစ် မင်္ဂလာနှစ်သစ်ကို ကြိုဆိုလိုက်ကြောင်း ကြေညာပြီး ယိမ်းအဖွဲ့များ၏ “ မန်းတောင်ရိပ်ခို ” တေးသီချင်းဖြင့် အဖွဲ့လိုက် ကပြဖျော်ဖြေမှုကို အားပေးကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။ပြည်နယ်(ပြန်/ဆက်)
No comments:
Post a Comment