Monday, April 17, 2023

မွန်ပြည်နယ်၀န်ကြီးချုပ် ဇီဝိတဒါန ဘေးမဲ့ငါးလွှတ်ပွဲနှင့် သက်ကြီးရွယ်အိုများအား ပူဇော်ကန်တော့ပွဲ အခမ်းအနား တက်ရောက်

 


မော်လမြိုင် ဧပြီ ၁၇

သတ္တဝါများဘေးအန္တရာယ်ကင်းရှင်း ပြီး အသက်ရှည်စွာနေနိုင်ကြစေရန်နှင့် ရှေးအစဉ်အဆက် ပြုလုပ်လာသည့် ကောင်းမြတ်သည့် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက် ရန်ရည်ရွယ်၍ ၁၃၈၅ခုနှစ် တန်ခူးလ ပြည့်ကျော် ၁၃ ရက်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့ နံနက်ပိုင်းတွင်  မော်လမြိုင်မြို့၊ ဆိပ်ကမ်းသာတံတား၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်ဇနီး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်.တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ခရိုင်/မြို့နယ် ငါးမျိုးစိုက်ထည့်ခြင်းကြီးကြပ်ကွပ်ကဲရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာ၀န်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင် များ၊ ငါးလုပ်ငန်းဦးစီးဌာနမှ ၀န်ထမ်းများတက်ရောက်ခဲ့သည်။

ရှေးဦးစွာ ရွှေတောင်ကျောင်းမှ သံဃာတော်အရှင်သူမြတ် (၅)ပါးအား အာရုံဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပြီး ရေစက်သွန်းချအမျှအတန်းပေးဝေကာ လှူဖွယ်ပစ္စည်းအစုစုတို့အား ဆက်ကပ် လှူဒါန်းခဲ့ပြီး  သထုံစခန်းမှထုတ်သော ၂ လက်မနှင့်အထက် အရွယ်အစားရှိ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၂)သိန်းအား သံလွင်မြစ်အတွင်းသို့ ဇီဝိတဒါနအဖြစ် ထည့်လွှတ်ကုသိုလ် ယူခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် တိုင်းမှူးနှင့်အဖွဲ့များသည် တောင်ဝိုင်းဘိုးဘွားရိပ်သာ တွင်ပြုလုပ်သည့် သက်ကြီးရွယ်အိုဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း အခမ်းအနား တက်ရောက်ခဲ့ပြီး တောင်ဝိုင်းဘိုးဘွား ရိပ်သာစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်မှ တောင်ဝိုင်းဘိုးဘွားရိပ်သာ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြကာ အဘိုးအဘွားများအား ဘိုးဘွားကန်တော့ချိုးဖြင့် ကန်တော့၍ အဘိုးအဘွားများအား  ကန်တော့ခံ ပစ္စည်းများ လှူဒါန်းခဲ့ရာ ဘိုးဘွားများ ကိုယ်စား အဘွား တစ်ဦး အဘိုးတစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်

ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment