မကွေး ဧပြီ ၁၇
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မကွေးတိုင်းဒေသကြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ပါဝင်ခဲ့ကြသော အမှတ်ပေးဒိုင်များအားဂုဏ်ပြုဆုနှင့်ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များအား ဆုပေးအပ် ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၅)နာရီအချိန်က မကွေးမြို့၊ ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်တွင် ကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့်ဇနီး၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်မှူးဗိုလ်ချုပ်ထွန်းဝင်းနှင့်ဇနီး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် စိုးတင်လတ်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်းနှင့်ဇနီး၊ တိုင်းဒေ သကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ မကွေးတပ်နယ်မှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ကပြဖျော်ဖြေသည့် ပြိုင်ပွဲဝင် ယိမ်းအဖွဲ့များနှင့် ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ၁၃၈၄ခုနှစ်၊ တိုင်းဒေသကြီးမြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ယိမ်းအကပြိုင်ပွဲတွင် အကဲဖြတ်ဆောင်ရွက်ပေးခဲ့သော အမှတ်ပေးဒိုင်များအား မကွေးတပ်နယ်မှူးနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်ဇနီး၊ အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ်မှူး၏ ဇနီးတို့က ဂုဏ်ပြုဆုများ အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နှစ်သိမ့်ဆုရရှိသော ယိမ်းအကအဖွဲ့များအား တိုင်းဒေသကြီးအစိုးရအဖွွဲ့ဝင် ဝန်ကြီးများဖြစ်သည့် တိုင်းရင်းသားရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်ဇနီး၊ လူမှု ရေးရာဝန်ကြီးနှင့်ဇနီး၊ သယံဇာတရေးရာဝန်ကြီးနှင့်ဇနီး၊ စီးပွားရေးရာဝန်ကြီးနှင့်ဇနီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့်ဇနီးတို့က ဂုဏ်ပြုဆုတံဆိပ်များနှင့် ဆုငွေများအား အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့နောက် အထူးဆု(၂)ရရှိသော ယိမ်းအကအဖွဲ့များအား တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီးက လည်းကောင်း၊ တတိယဆုရရှိသော ယိမ်းအကအဖွဲ့များအား မကွေး လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီးကလည်းကောင်း၊ ဒုတိယဆုရရှိသော ယိမ်းအကအဖွဲ့များအား အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူးနှင့်ဇနီးကလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်များနှင့် ဆုငွေ များအားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ယင်းနောက် ပူးတွဲပထမဆုရရှိသော တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကိုယ်စားပြု ယိမ်းအဖွဲ့များနှင့် ပထမဆုရရှိသော ပညာရေးဧကရီ ယိမ်းအဖွဲ့အား တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၃ ခုနှစ်၊ မကွေးတိုင်းဒေသကြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ယိမ်းအကပြိုင်ပွဲ တွင် ပထမဆုရရှိသော ယိမ်းအကအဖွဲ့နှင့် ပူးတွဲပထမဆုရရှိသော ယိမ်းအကအဖွဲ့တို့အား ဂုဏ်ပြု ဆုငွေ(၂၅)သိန်းကျပ်၊ ဒုတိယဆုရရှိသော ယိမ်းအကအဖွဲ့အား ဂုဏ်ပြုဆုငွေကျပ်(၂၀)သိန်းကျပ်၊ တတိယဆုရရှိသော ယိမ်းအကအဖွဲ့ ဂုဏ်ပြု ဆုငွေကျပ် (၁၅)သိန်းကျပ်၊ အထူးဆု(၁)ရရှိသော ယိမ်းအကအဖွဲ့အား ဂုဏ်ပြုဆုငွေ(၁၀)သိန်းကျပ်၊ အထူးဆု(၂) ရရှိသော ယိမ်းအကအဖွဲ့အား ဂုဏ်ပြုဆုငွေ (၈)သိန်းကျပ်နှင့် နှစ်သိမ့်ဆုတစ်ဆုလျှင် ငွေကျပ်(၅)သိန်း အသီးသီးပေးအပ် ချီးမြှင့် ခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)
No comments:
Post a Comment