Friday, April 28, 2023

လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၊ သုံးထပ်တိုက်သံဃာ့ကျောင်းဆောင်သစ် ကျောင်းလွတ်ပွဲ ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

 




လားရှိုး ဧပြီ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၊ သုံးထပ်တိုက်သံဃာ့ ကျောင်းဆောင်သစ်ကျောင်းလွတ်ပွဲ ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အဆိုပါကျောင်းတိုက်တွင် ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ပြည်နယ်/ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တက်ရောက်လာသော ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မောကိန္နရီတေးဂီတအဖွဲ့မှ ထူးမခြားနား ဗုဒရောင်ခြည်တော်ဘွဲ့ သီချင်းခံကြီး သုံးပိုဒ်ဖြင့်သီကျူးပူဇော်ခဲ့သည်။

ဆက်လက်၍ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ ဇမ္ဗူအေးအေတီတပ်ဦးကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်သော မေတ္တာသုတ်တရားတော်ကို နာယူခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ဆရာတော်သံဃာတော်များအား လှူဖွယ် ၀တ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ အနုမောဒနာတရားနာယူခြင်း၊ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခြင်းများဆောင်ရွက်ခဲ့ပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်

 

No comments:

Post a Comment