Friday, April 28, 2023

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် နွေရာသီအင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းများ သင်ကြားနေမှုအခြေအနေများအား ကြည့်ရှုအားပေးပြီး ကျောင်းဆောင်သစ်တည်ဆောက်နေမှုအား ကြည့်ရှု စစ်ဆေး

 

 နေပြည်တော် ဧပြီ ၂၈

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် ပျဉ်းမနားမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတို့၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် နွေရာသီအင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းများ သင်ကြားနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

 




ကြည့်ရှုအားပေးရာတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက နွေရာသီအင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းများသို့ တက်ရောက်သင်ကြားနေသည့် ကျောင်းသား/ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်များတွင် လူငယ်/လူရွယ်များ ပြင်ပဗဟုသုတရှာမှီးနိုင်ရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ရန်နှင့် လူတော်၊ လူကောင်းများဖြစ်စေရန် ဖွင့်လှစ်သင်ကြားပေးထားသည့် သင်တန်းများဖြစ်သည့်အတွက် သေချာလေ့လာ မှတ်သားသင်ယူစေလိုကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် အတတ်ပညာများကို သင်ယူလေ့လာခြင်းဖြင့် အမှား/အမှန်ကိုပါ ဝေဖန်ပိုင်းခြားတက်၍ စည်းကမ်းလိုက်နာသည့် လူတော်၊ လူကောင်းများဖြစ်အောင် ကြိုးစားစေလိုကြောင်း၊ အသိပညာ/အတတ်ပညာများကို ကြိုးစားသင်ယူ၍ မိမိကိုယ်ကို တစ်ဦးချင်းကိုယ်စီ မြှင့်တင်နိုင်မှသာ မိမိကျောင်းနှင့် မိမိနိုင်ငံ၏ ဂုဏ်ကိုပါ မြှင့်တင်ရာ ရောက်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် သင်တန်းတက်ရောက်နေသည့် ကျောင်းသား/ကျောင်းသူများအတွက် အချိုရည်ဗူးများ ပေးအပ် လှူဒါန်းခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများမှ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း၌ တည်ဆောက်လျက်ရှိသည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းဆောင်သစ်တည်ဆောက်နေမှုနှင့် တည်ဆောက်ပြီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေသည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင်က စာသင်ကျောင်းများ တည်ဆောက်နေမှု၌ ဆောင်ရွက်ရန်ကျန်သည့် ကိစ္စရပ်များအား အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်၊ သင်ထောက်ကူပစ္စည်းများ လိုအပ်မှုရှိက အချိန်မီတင်ပြတောင်းခံသွားရန်၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးကိုလည်း ဂရုတစိုက်ဆောင်ရွက်သွားရန်နှင့်  ကျောင်းအား သတ်မှတ်ထားရှိသည့် ကာလအတွင်း ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်ချက်များကိုလည်း သက်ဆိုင်ရာ ပေါင်းစပ်ဆောင်ရွက်ရမည့် ဌာနများမှ ဟန်ချက်ညီစွာဖြင့် ပူပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)

No comments:

Post a Comment