Friday, April 28, 2023

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဆင်ပေါင်ဝဲမြို့နယ် ညံ​တောအင်းဆိုလာ လျှပ်စစ်မြစ်ရေတင်စီမံကိန်း ရေသောက်ဧရိယာအတွင်းရှိ ဒေသခံတောင်သူများနှင့် တွေ့ဆုံ

 




ဆင်ပေါင်ဝဲ ဧပြီ ၂၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) ညံ​တောအင်းဆိုလာ လျှပ်စစ် မြစ်ရေတင်လုပ်ငန်းသို့ မကွေးတိုင်း‌ဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်တာဝန်ရှိသူများမှ ယမန်နေ့ ညနေ ၅ နာရီအချိန်က ညံတောအင်းဆိုလာ လျှပ်စစ်မြစ်ရေတင်စီမံကိန်း ရေသောက်ဧရိယာအတွင်းရှိ ဒေသခံတောင်သူ များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းဆိုလာ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် သက်ဆိုင်ရာအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချန်ဖီယာန်နှင့် ညံတောအင်းဆိုလာ လျှပ်စစ်မြစ်ရေတင် စီမံကိန်းမှတာဝန်ရှိသူများမှ မြစ်ရေတင်စီမံကိန်းရေသောက် ဧရိယာတွင် ပါဝင်သော ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းမြစ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်လှိုင်ဌေးက ရေပေးဝေနေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင်က ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ မိမိတို့ ဒေသအတွင်း သီးနှံများ စိုက်ပျိုးရာတွင် တစ်နှစ်ကို သီးနှံသုံးသီး စိုက်ပျိုးနိုင်အောင် ကြိုးစားဆောင်ရွက်ကြ စေလိုကြောင်း၊ သီးနှံစိုက်ပျိုးရာတွင် ဒေသတွင်းလိုအပ်သော မျိုးကောင်းမျိုးသန့်များကို စနစ်တကျရွေးချယ် သုံးစွဲပြီး စိုက်ပျိုးကြစေလိုကြောင်းနှင့် ဒေသခံ တောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည် များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်သည့်  စိုက်ပျိုးရေး၊ လယ်/ အင်း၊ ကျေးလက်ဖွံ့​ဖြိုးရေးဦးစီးဌာန၊ လယ်ယာဖွံဖြိုးရေးဘဏ်၊ လျှပ်စစ်မြစ်ရေတင် စီမံကိန်းဦးစီးဌာနတို့နှင့် ပူးပေါင်းကွင်းဆင်း၍ စိစစ်တွက်ချက်တင်ပြပေးရန်တို့ကို ပြောကြားကာ ဒေသခံတောင်သူ များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ အသီးသီးတို့နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းကျေးရွာရှိ မြစ်ရေတင်စီမံကိန်းဖြင့် စိုက်ပျိုးထားသည့် ကွင်းအမှတ်(၃၈)ရှိ တောင်သူ ဦးထွန်းဇော် ၏ လယ်ယာမြေ ဧက (၁၀)ဧကသို့ ရောက်ရှိပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)

No comments:

Post a Comment