Sunday, April 16, 2023

ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူးတို့က အကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေများပေးအပ်


 

လွိုင်ကော်        ဧပြီ       ၁၆

၁၃၈၄ ခု၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော် ယမန်နေ့(သင်္ကြန်အကြတ်နေ့) နံနက်ပိုင်းတွင် နောင်ယား(ခ)ရပ်ကွက်ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်ကျင်းပနေစဉ် KNPP အဖွဲ့နှင့် PDF  အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးဖြင့် ယုတ်မာရက်စက်စွာ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်သဖြင့် အခမ်းအနား ကျင်းပရာနေရာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဝန်ထမ်းများနှင့်အပြစ်မဲ့အရပ်သား ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါဖြစ်စဉ်တွင် အကြမ်းဖက်သမားများ၏လက်နက်ကြီးဖြင့် အကြောင်းမဲ့ရက်စက်စွာ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လွိုင်ကော်မြို့ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည့် ဝန်ထမ်းများနှင့် အပြစ်မဲ့အရပ်သားပြည်သူများအား သွားရောက်ကြည့်ရှုအားပေး စကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment