Saturday, April 1, 2023

ပြည်ပမှ ပြန်လည်ရောက်ရှိလာသော ကိုယ်စားလှယ်များ၏ အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ

 


နေပြည်တော် မတ် ၃၁

ပညာရပ်နယ်ပယ်အလိုက် ဘဝတစ်သက်တာတွင်ဆည်းပူးရန် ကုန်ဆုံးသည်မရှိဘဲ အသစ်အသစ်သော လေ့လာဖော်ထုတ်တွေ့ရှိမှုများစွာကို မျက်ခြည်မပြတ်လေ့လာသင်ယူပြီး မိမိနှင့်မိမိပတ်ဝန်းကျင် တိုးတက်ရေးကို ကြိုးပမ်းကြရန်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ စုဝေးဆောင်ခန်းမ၌ ကျင်းပသည့် ပြည်ပမှပြန်လည်ရောက်ရှိလာသော ကိုယ်စားလှယ်များ၏ အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားတွင် တိုက်တွန်းပြောကြားလိုက်သည်။

ထို့ပြင် ဒုတိယဝန်ကြီးက အချို့ပညာရပ်များကို တိုက်ရိုက်အသုံးချနိုင်သကဲ့သို့ အချို့သောနည်းပညာများကို မိမိရေမြေရာသီဥတု အခြေအနေအရပ်ရပ်အပေါ်အခြေခံကာ အကောင်းဆုံးအသုံးချနိုင်ရေး တီထွင်ကြံဆဆောင်ရွက်ရမှုများရှိကြောင်း၊ မိမိတို့၏ လုပ်ငန်းနယ်ပယ်အလိုက် အတွေ့အကြုံကောင်းများ နှင့် ကိုယ်ပိုင်အယူအဆသစ်များကို လုပ်ဖော်ကိုင်ဖက်များနှင့် မျိုးဆက်သစ်များကို မျှဝေလက်ဆင့်ကမ်းပြီး ပိုမိုဖွံ့ဖြိုးတိုးတက်သည့် လူသားအရင်းအမြစ်များ တိုးပွားလာရေးအတွက် တစ်ထောင့်တစ်နေရာက ပါဝင်အားထုတ်ကြရန်လည်း ထည့်သွင်းပြောကြားခဲ့သည်။

မေးမြန်းဆွေးနွေး

ထို့နောက် ပြည်ပမှ ပြန်လည်ရောက်ရှိလာသော ကိုယ်စားလှယ်များ၏ အတွေ့အကြုံများ ရှင်းလင်း တင်ပြချက်များအပေါ် တက်ရောက်လေ့လာကြသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယနေ့ အခမ်းအနားသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် အမှုထမ်း၊ အရာထမ်းများ၏ ပြည်တွင်းပြည်ပ သင်တန်းများတွင်တက်ရောက်၍ လေ့လာသင်ယူခဲ့မှုများနှင့် အလုပ်ရုံဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေး ချက်များ၊ အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်းကို အသုတ်လိုက်ခွဲ၍ ကျင်းပဆောင်ရွက်ခြင်းဖြစ်ပြီး ရှင်းလင်းဆွေးနွေးတင်ပြချက်များကို မှတ်တမ်းပြုစုပြီး ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းများနှင့် နည်းပညာရပ်ဆိုင်ရာလုပ်ငန်းများတွင် ကိုးကားချက်များအဖြစ် အသုံးပြုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment