Saturday, April 1, 2023

ဒုတိယဝန်ကြီး ဦးအောင်မြိုင် ရထားလမ်းများ အဆင့်မြှင့်တင်ပြုပြင်နေမှုနှင့် လမ်းသစ်ဖောက်လုပ်နေမှုများ ကြည့်ရှုစစ်ဆေး

 


နေပြည်တော် မတ် ၃၁

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် တာဝန်ရှိသူများနှင့်အတူ မတ် ၂၈ ရက်မှ ၃၁ ရက်အထိ ရထားလမ်းများ အဆင့်မြှင့်တင်ပြုပြင်နေမှုနှင့် လမ်းသစ်ဖောက်လုပ် နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆွေးနွေးမှာကြား

ဒုတိယဝန်ကြီးသည် သာစည်-မြင်းခြံရထား လမ်းပိုင်းအဆင့်မြှင့်တင်ပြုပြင်နေမှု အခြေအနေကို သာစည်ဘူတာမှ ပန်းအိုင်ဘူတာအထိ RBE ရထားဖြင့်လိုက်ပါစီးနင်း၍ စစ်ဆေးခဲ့ပြီး ရထားလမ်းအတွင်း ကွန်ကရစ်ဇလီဖားတုံးများ သတ်မှတ်အကွာ အဝေးအတိုင်း ထည့်သွင်းရန်၊ အရည်အသွေးပြည့်မီသော လမ်းခင်းကျောက်များ သတ်မှတ်စံချိန်စံညွှန်းအတိုင်းထည့်သွင်း၍ ပက်ကင်ရိုက်ခြင်းများ စနစ်တကျဆောင်ရွက်ရန်၊ ရထားလမ်းတာပေါင် ကျဉ်းသောနေရာများ၊ ရေတိုက်စားထားသော နေရာများတွင် လမ်းပိုင်းကြံ့ခိုင်မှု ကောင်းမွန်အောင် ပြုပြင်ဆောင်ရွက်သွားရန်၊ ရထားလမ်းဘေးရှိတော၊ ချုံနွယ်များ ရှင်းလင်းဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများအချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပင်းပက် - နောင်ကား ရထားလမ်းသစ် ဖောက်လုပ်နေမှုအခြေအနေကို ဆက်လက်စစ်ဆေးပြီး သတ်မှတ်ထားသည့်ကာလအတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်၊ လမ်းပိုင်းအတွင်း တံတားနှင့် Box Culvert များတည်ဆောက်ရာ၌ စံချိန်စံညွှန်းအတိုင်း အရည် အသွေးပြည့်မီစေရေး Quality Control ကို အလေးထားဆောင်ရွက်ရန်၊ တာပေါင်မြင့်သည့်နေရာများတွင် Toe Wall များ တည်ဆောက်ရန်၊ သံလမ်း၊ ကွန်ကရစ်ဇလီဖားခင်းခြင်းနှင့် လမ်းခင်း ကျောက်ထည့်သွင်းခြင်းလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်သွားရန်၊ သံလမ်းခင်းရာတွင်လည်း သတ်မှတ်ထားသည့် Gradient နှင့် ကွေ့များတွင် Alignment မှန်ကန်မှုရှိစေရေး ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီဖောက်လုပ်ပြီးစီးအောင် ဆောင်ရွက်ရန်တို့ကို မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရွှေညောင်- အေးသာယာ - ပေါမူ - ထီသိမ် - ရေထွက်ဦး - တောင်ကြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် သာစည်-နေပြည်တော်ရထားလမ်းပိုင်းကို RBE ရထားဖြင့် လိုက်ပါစီးနင်း၍ လက်ရှိရထားလမ်းပိုင်း၏ အခြေအနေ၊ ယင်းရထားလမ်းပိုင်းရှိ ဘူတာများနှင့် ဘူတာယာဒ်ဝင်းများကို ကြည့်ရှုစစ်ဆေးပြီး ဘူတာများသန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဘူတာနှင့် ဘူတာယာဒ်ဝင်းအတွင်း ပန်းအလှပင်များ စိုက်ပျိုးရေး၊ ယင်းလမ်းပိုင်းတွင် အမြန်နှုန်းတိုးမြှင့်ပြေးဆွဲနိုင်ရေးအတွက် လမ်းပိုင်းကြံ့ခိုင်မှု ကောင်းမွန်အောင် ဆောင်ရွက်ရေးနှင့် ရထားစီးခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ နားနေသွားလာနိုင်အောင် စီစဉ်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment