Monday, April 3, 2023

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကျောက်နီစိုက်ကွင်းအား ကွင်းဆင်းကြည့်ရှု

  


တောင်ကြီး ဧပြီ ၃

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တောင်ကြီးခရိုင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် ဧပြီ(၁)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့နယ် ရွှေညောင်-ရပ်စောက်-ဗထူးသွားကားလမ်း ကွန်လုံကျေးရွာအုပ်စု ကျောက်နီကျေးရွာအနီးရှိ ကျောက်နီစိုက်ကွင်းအား သွားရောက်ကြည့်ရှုရာ စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမတွင် ကျောက်နီစိုက်ကွင်း၏ စိုက်ပျိုးရေးဆိုင်ရာအချက်အလက်များကို တောင်ကြီးမြို့နယ် ကျောက်နီစိုက်ကွင်းစိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်အေးမှရှင်းလင်းပြီး တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့နှင့် ရပ်စောက်မြို့အကြား မွေးမြူဇုန်ဖော်ထုတ်ရန် ကနဦးလုပ်ငန်းဆောင်ရွက်ထားရှိမှုကို တောင်ကြီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်မင်းထွန်းမှ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး မွေးမြူရေးဇုန်ဖော်ထုတ်မည့်နေရာအား သွားရောက်ကြည့်ရှုကြကြောင်း သိရသည်။

 



ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းကုန်းကျေးရွာအုပ်စု၊ ငဖိန်းအင်းကွင်းတွင် နွားများ၊ ကြက်များမွေးမြူနိုင်ရေးအတွက် မြေနေရာအား သွားရောက်ကြည့်ရှုရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တောင်ကြီးမြို့နယ်၊ တာယောမျိုးသန့်ခြံတွင်ရေဆင်း(၁)စပ်မျိုးနေကြာ F1 မျိုးစေ့ထုတ် စိုက်ခင်း(၃၀)ဧက စိုက်ပျိုးထားရှိမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့များက သွားရောက်ကြည့်ရှုရာ စိုက်ပျိုးရေးဦးစီးဌာန၊ တာယောမျိုးသန့်ခြံဦးစီးအရာရှိ ဦးစောသိန်းကျော်မှ နေကြာနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

No comments:

Post a Comment