Monday, April 3, 2023

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Vinay Kumar ကို လက်ခံတွေ့ဆုံ

 

နေပြည်တော် ဧပြီ ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Vinay Kumar ကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၅) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းနှင့်စပ်လျဉ်းသည့် ကိစ္စ၊ ကုလားတန်မြစ်ကြောင်းတစ်လျှောက် ရေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန် ရေကြောင်းတိုင်းတာရေးနှင့် သောင်တူးဖော်ရေးကိစ္စ၊ လေကြောင်းလိုင်း တိုးချဲ့ပျံသန်းရေးကိစ္စနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ခင်မင်ရင်းနှီးစွာ နှစ်ဘက်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် သက်ဆိုင်ရာဌာန အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment