Monday, April 3, 2023

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဉီးတင်မောင်ဝင်း ငပုတောမြို့နယ်၊ မြောင်းမြမြို့နယ်အတွင်းရှိ ကျေးရွာများသို့ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

 

ပုသိမ် ဧပြီ ၃

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဉီးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပုသိမ်ခရိုင်၊ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ကျုံကူးကျေးရွာအုပ်စု၊ ပျဉ်းမကွင်းကျေးရွာရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့်ပျဉ်းမကွင်း-မြစ်ကျိုး ကုန်ထုတ်လမ်းဖွင့်ပွဲတက်ရောက်၍ အခမ်းအနားအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကာကုန်ထုတ်လမ်းအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ အဆိုပါကုန်ထုတ်လမ်းသည် (အလျား၃၅၀၀ပေ၊ အနံ၁၂ပေ × ထု၆လက်မရှိပြီး အိမ်ခြေ၂၀၈အိမ်၊ လူဦးရေ ၉၀၀ခန့်နှင့် စိုက်ဧက ၁၂၆ဧက တို့အတွက် အကျိုးပြုနိုင်မှာဖြစ်ကြောင်းသိရသည်။






ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံကူးတိုက်နယ် ဆေးရုံသို့သွားရောက်ခဲ့ပြီး ဆေးရုံတက်ရောက်၍ ဆေးကုသမှုခံယူနေသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့ကာ အာဟာရဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကာ ဆေးရုံဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများ မေးမြန်းခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ထို့နောက် ကျုံကူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံခဲ့ပြီး လိုအပ်ချက်များတင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး၊ အတန်းစဉ်ကူးပြောင်းနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာမှုရှိစေရေးမှာကြားခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။







ဆက်လက်၍ ဓမ္မပါလကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ (ငြိမ်း)၊ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်းမိသားစုမှ ပေးပို့လှူဒါန်းသော ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်များပေးအပ်လှူဒါန်းပွဲ အခမ်းအနားကိုတက်ရောက်ခဲ့ပြီး ဓမ္မပါလကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပညိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ကျုံးကူးကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ဘုရားလှကျေးရွာအုပ်စု၊ မြို့သစ်ကျေးရွာအုပ်စု၊ ရဲခေါင်ကြီးမြောက်ကျေးရွာအုပ်စုများသို့ ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်များပေးအပ်လှူဒါန်းခဲ့ကြပြီး အနုမောဒနာတရား နာကြားခဲ့ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ၍ အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငပုတောမြို့နယ်၊ ကျွန်းညိုကမ္ဘလာကျေးရွာအုပ်စု၊ ဖိုးရွှေလှော်‌ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ (၁၂၀×၃၀)ပေ၊ RCC တစ်ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုနှင့် စာသင်ဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စာသင်ဆောင်အသစ်အားလာမည့်ကျောင်းတက်ချိန်အမီ ပြီးစီးစေရေး၊ စာသင်ဆောင်များကောင်းမွန်စေရေး၊ သောက်သုံးရေလုံလောက်စွာရရှိစေရေး ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်စေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ တူးမြောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ စာသင်ဆောင်များအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆရာ၊ဆရာမများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ လိုအပ်မှုတင်ပြချက်များအပေါ် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး လာမည့်ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်စေရေး၊ စာသင်ဆောင်များကောင်းမွန်စေရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းမှု ရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ တူးမြောင်းတိုက်နယ်ဆေးရုံသို့သွားရောက်ခဲ့ပြီး ဆေးရုံတက်ရောက်၍ ဆေးကုသမှု ခံယူနေသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ကာ အာဟာရဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဓာတ်မှန်ဆောင်ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများထံမှာကြားခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံ၍ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ထို့နောက် ငပုတောမြို့နယ်၊ တောင်ကလေးကျေးရွာသို့သွားရောက်၍ ၁၆ခုတင်ဆံ့ တိုက်နယ်ဆေးရုံ (၁၀၃ပေ×၁၃၅ပေ) တစ်ထပ်အဆောက်အဦ၊ ဝန်ထမ်းအိမ်ရာများ အပြီးသတ်လုပ်ငန်းများဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆောက်လုပ်ရေးတာဝန်ခံမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့နောက် တောင်ကလေးနယ်မြေ မီးသတ်စခန်းသို့သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ထားရှိစေရေး၊ မီးသတ်ယာဉ်များ အသင့်အနေအထားရှိနေစေရေးမှာကြားခဲ့ပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ဆက်လက်၍ တောင်ကလေးအခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ခဲ့ပြီး ဆရာ၊ ဆရာမများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ လိုအပ်မှုတင်ပြချက်များအပေါ် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး လာမည့်ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်စေရေး၊ လိုအပ်ချက်များအား ဒေသခံပြည်သူများပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ဆရာ၊ဆရာမများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)

No comments:

Post a Comment