Saturday, April 1, 2023

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ (၇)နှစ်မြောက် နှစ်ပတ်လည်နေ့ ညစာစားပွဲ တက်ရောက်

 


နေပြည်တော် မတ် ၃၁

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ (၇)နှစ်မြောက် နှစ်ပတ်လည်နေ့ ညစာစားပွဲအခမ်းအနားကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၃)ရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ရုံးဥပစာ၌ ယနေ့ညနေ ၆ နာရီတွင် ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်ချီးမြှင့်သည်။

နှစ်ပတ်လည် ညစာစားပွဲအခမ်းအနားကို ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားပြီး မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ဝန်ထမ်းမိသားစုများက တေးသံသာများနှင့် သီဆိုကပြ ဖျော်ဖြေသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကို ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှစတင်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအောက်တွင် ဦးစီးဌာနတစ်ခုအဖြစ် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်တွင် (၇)နှစ်ပြည့်မြောက်မည်ဖြစ်သည်။ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သည် နိုင်ငံတော်၏ ပို့ကုန်မြှင့်တင်ရေးရည်မှန်းချက်များကို ဝန်ကြီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment