ရန်ကုန် ဧပြီ ၈
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် မယ်လမုဘုရားလမ်းရှိ မြန်မာ့လက်မှုအနုပညာ စင်တာ (ရန်ကုန်)၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်အကြိုနှင့် ဈေးရောင်းပွဲတော်ကို ကြည့်ရှု အားပေးသည်။
တက်ရောက်
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးသိန်းတိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ Counsellor ဖြစ်သူ Mr. R.C.Yadav ၊ Centre for Investment and Trade မှ CEO ဖြစ်သူ Dr.Sital Kumar ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရုံးမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာအတိုင်ပင်ခံပုဂ္ဂိုလ် Mr. Tan Shuf၊ တရုတ်-မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုမြှင့်တင်ရေး အသင်းဥက္ကဋ္ဌ Mr. Li Fuquan ၊ ဂျာမန် မြန်မာစီးပွားရေး ကုန်သည်ကြီးများအသင်း(GMBC)မှ ဦးရဲထွဋ်၊ အိန္ဒိယမြန်မာ ကုန်သည်များ အသင်းမှဥက္ကဋ္ဌ Mr. Naresh Kumar Dinodiya ၊ မြန်မာနိုင်ငံဆိုင်ရာနီပေါသံရုံးမှ တတိယ အတွင်းရေးမှူး Mr. Prashant Thakur ၊ Mingalar Alliance Co.,Ltd.မှ CEO ဖြစ်သူ Ms. Jar-chaya Sanguansat ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်နာယက ဦးဉာဏ်ထွန်းဦး၊ မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ်ဥက္ကဋ္ဌ မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများ အသင်းဥက္ကဋ္ဌ ဒေါက်တာနန္ဒကျော်စွာ၊ မြန်မာ အနုညာတစီရင် ဆုံးဖြတ်ခြင်း ဗဟိုဌာနဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်သိမ်း၊ ကုန်သည်/ စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌဦးမြဟန်၊ မြန်မာနိုင်ငံဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်ဒေဝ၊ ကိုးကန့် တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်း၊ ချင်းတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းနှင့် အခြား သောလုပ်ငန်းရှင်များ၊ ဧည့်သည်တော်များတက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ် တစ်ခုဖြစ်သော ရိုးရာနှစ်သစ်ကူးသင်္ကြန်အကြိုဈေးရောင်းပွဲတော်တွင် နိုင်ငံခြားသံတမန်များ၊ မိတ်ဖက်စီးပွားရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းနှင့် တက်ရောက် လာကြသူများအားလုံး မင်္ဂလာ အပေါင်းနှင့်ပြည့်စုံသော ပျော်ရွှင်ဖွယ်နေ့တစ်နေ့ဖြစ်ပါစေကြောင်း၊ သင်္ကြန်ပွဲတော်ကာလ နေပြည်တော်တွင် အဆင့်မြင့် လမ်းလျှောက် သင်္ကြန်ကို ကျင်းပသွားမည်ဖြစ်ရာ ဖိတ်ခေါ်လိုကြောင်း၊ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကြီးကိုလည်း မေလပထမအပတ်တွင် နေပြည် တော်၌ ခမ်းနားစွာ ကျင်းပသွားရန်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ဆန်လုပ်ငန်းရှင် ၄၇ ဦးနှင့် ပူးပေါင်း၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့နိုင်မှုသည် နိုင်ငံတော်နှင့် ကုန်သည်/စက်မှုအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုကို တွေ့မြင်ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်မြန်မာ့နှစ်သစ် ကူးအခါသမယမှစ၍ အားလုံးနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေကြောင်း ပြောကြားသည်။
ရှင်းလင်းပြောကြား
ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးမြဟန်နှင့် မြန်မာနိုင်ငံ ဗမာ တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးကျော်ဒေဝတို့က နှုတ်ခွန်းဆက်စကားနှင့် ပွဲတော် ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးဇော် အေးမောင်၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ညွှန်ကြား ရေးမှူးချုပ် ဦးသိန်းတိုး၊ မြန်မာ နိုင်ငံအင်ဂျင်နီယာ အသင်းချုပ် နာယကဦးဉာဏ်ထွန်းဦး၊ မြန်မာ နိုင်ငံရေကူးအဖွဲ့ချုပ်ဥက္ကဋ္ဌ မြန်မာ့ လက်ရွေးစင် အားကစားသမား ဟောင်းများအသင်း ဥက္ကဋ္ဌ ဒေါက်တာနန္ဒကျော်စွာ၊ မြန်မာ အနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာနဥက္ကဋ္ဌ ဒေါက်တာ မောင်မောင် သိမ်း၊ ကုန်သည်/ စက်မှုအသင်း ချုပ်ဒုတိယဥက္ကဋ္ဌ ဦးမြဟန်နှင့် မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးကျော်ဒေဝတို့က “မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်အကြိုနှင့် ဈေးရောင်းပွဲတော်၂၀၂၃”ကို ဖဲကြိုး ဖြတ်၍ ဖွင့်လှစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တက်ရောက်လာသူတို့က ထာဝရသစ္စာ တေးသီချင်းဖြင့် မူကြိုကလေးငယ်များ ဖျော်ဖြေမှုနှင့် မန်းတောင်ရိပ်ခိုတေးသီချင်းဖြင့် ယိမ်းအဖွဲ့၏ဖျော်ဖြေ တင်ဆက်မှုတို့ကို ကြည့်ရှုအားပေး သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ သံတမန်ဧည့်သည်တော်များ၊ တိုင်းရင်းသားလုပ်ငန်း ရှင်များနှင့်ဧည့်သည်တော်များသည် မြန်မာ့လက်မှုအနုပညာ စင်တာ(ရန်ကုန်)တွင် မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား လုပ်ငန်းရှင် များအသင်းက ခင်းကျင်းပြသထားသည့် ဆိုင်ခန်းပေါင်း ၃၀ ကျော်ကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့ညနေပိုင်းတွင် မြန်မာ့ရိုးရာ မဟာ သင်္ကြန်ပွဲတော်အကြို ရိုက်ကူးထုတ်လွှင့်နေသည့် “ပိတောက်နဲ့အတူ” Friday Night Live Show တေးဂီတဖျော်ဖြေပွဲ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် တေးဂီတဖျော်ဖြေပွဲတွင် ပါဝင်သီဆိုကြမည့် အနုပညာရှင်တို့အား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ကြည့်ရှုအားပေး
ထို့နောက် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အကြို ရိုက်ကူးထုတ်လွှင့်နေသည့် “ပိတောက်နဲ့အတူ” Friday Night Live Show တေးဂီတဖျော်ဖြေပွဲတွင် မြန်မာ့အသံ ခေတ်ပေါ်တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ တေးသံရှင်များဖြစ်ကြသည့် ထပ်ဆင့်အကယ် ဒမီ နေအောင်၊ သန်းမြတ်စိုး၊ ရသ၊ ရဲထိုက်၊ စိုးရန်အောင်၊ ကောင်းမိုးယံ၊ ကောင်းဆက်၊ နန်းစန္ဒီ၊ အိအိလှိုင်၊ ထွန်းပပအောင်နှင့် ဖူးဧကရီဆောင်းတို့က သင်္ကြန်သီချင်းများဖြင့် MRTV-HD မှ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့် နေမှုကို ကြည့်ရှုအားပေးသည်။
အဆိုပါ အစီအစဉ်သည် ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အား သစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကဖျော်ဖြေရေး အစီအစဉ်များကို တင်ဆက်ခြင်းဖြစ်ပြီး ထိုနေ့ ညပိုင်းတွင် ရိုက်ကူးတင်ဆက်ခဲ့သော ဖျော်ဖြေမှုများကို ညသတင်း အပြီးတွင် MRTV-HD Channel မှ ထုတ်လွှင့်ပြသခဲ့ကာ ဧပြီ ၉ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် ပြန်လည်ထုတ်လွှင့်ပြသသွား မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment