Sunday, April 9, 2023

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစု မဟာသင်္ကြန်အကြို ပျော်ပွဲရွှင်ပွဲ ကျင်းပ

 


နေပြည်တော် ဧပြီ ၈

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မဟာသင်္ကြန်အကြို ဝန်ထမ်းမိသားစု စတုဒိသာကျွေးမွေးခြင်နှင့် ပျော် ပွဲရွှင်ပွဲအခမ်းအနားများကို ယမန်နေ့နံနက်ပိုင်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၅)၊ ရုံးအမှတ် (၂)နှင့် ရုံးအမှတ်(၂၉)တို့တွင် ကျင်းပသည်။

အခမ်းအနားများသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနအကြီးအကဲများ၊ ၎င်း တို့၏ ဇနီးများ၊ တာဝန်ရှိသူများတက်ရောက်ကြပြီး ဝန်ကြီးဌာနအတွင်းရှိ ဌာနများမှ ဝန်ထမ်း အမျိုးသမီးငယ်များ၏ သင်္ကြန်ယိမ်းအကများ၊ သင်္ကြန်သီချင်းများဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကာ အခမ်းအနား သို့ တက်ရောက်လာသည့်ဝန်ထမ်းများနှင့် စတုဒိသာများကို အတူတကွသုံးဆောင်ခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့သည် သင်္ကြန်ယိမ်းအကများ၊ သင်္ကြန်သီချင်းများ ဖြင့်ဖျော်ဖြေကြသူများအားလုံးကို ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ပြီး မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာ များနှင့်အညီ သင်္ကြန်ရေပက်ဖျန်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment