ပြည်ထောင်စုနယ်မြေ နေပြည်တော် ၊ လယ်ဝေးမြို့နယ်အတွင်း လေဘေးသင့်ခဲ့သည့် အောင်မြင်ကုန်း ကျေးရွာနှင့် တံတာဦးကျေးရွာသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့မှ လေဘေးသင့်ပြည်သူများ၏ တိရစ္ဆာန်များအတွက် တိရစ္ဆာန်အစားအစာများ လာရောက် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် အောင်မြင်ကုန်းကျေးရွာ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီညွှန်ကြားရေးမှူး ဦးသူအောင်၊ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တတ်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက တိရစ္ဆာန်အစားအစာများ လာရောက် ထောက်ပံ့ ပေးအပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင်စိုးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် တိရစ္ဆာန်အစားအစာများ ထောက်ပံ့ပေးအပ်ရာတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင်စိုးတို့က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစား အစာအိတ် ၃၀ အိတ်၊ CP ကုမ္ပဏီမှ တိရစ္ဆာန်အစားအစာအိတ် ၅၀ အိတ်၊ ဒိုင်းမွန်းကုမ္ပဏီမှ တိရစ္ဆာန်အစား အစာအိတ် ၂၀ အိတ် စုစုပေါင်းအိတ် ၁၀၀ ကို လေဘေးသင့်ပြည်သူများထံ ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် အောင်မြင်ကုန်း ကျေးရွာနှင့် တံတားဦးကျေးရွာရှိ လေဘေးသင့်ပြည်သူများအတွက် Medical cover ထားရှိရေးကိစ္စနှင့် စေတနာရှင်အလှူရှင်များက လာရောက်လှူဒါန်းသော အစားအသောက်များ ထားသိုဖြန့်ဝေထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)
No comments:
Post a Comment