Tuesday, April 18, 2023

အောင်ဆန်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ၏ မြန်မာ့နှစ်သစ်မင်္ဂလာဆုတောင်း

 


မြန်မာ့နှစ်ကူးမင်္ဂလာအချိန်မှစပြီး ကမ္ဘာသူ၊ ကမ္ဘာသားများနဲ့ မြန်မာပြည်သူအပေါင်း နှလုံးစိတ်ဝမ်း အေးချမ်းသာယာကြပါစေ။ ကိုယ်စီကိုယ်ငှ ကိုယ့်ဒေသမှာ ပျော်ကြရာဝယ် သတ္တဝါဟူသမျှတို့သည်အိပ်မက် ရာမက်ကောင်းစွာမက်၍ နှစ်သက်ကြည်သာ အိပ်စက်နိုင်ကြပါစေသတည်း။ မင်္ဂလာကျက်သရေ ယှက်ဝေလန်းသဖြင့် စန်းပွင့်ကြကုန်သည်ဖြစ်၍ ကောင်းစွာမိုးသောက် အလင်းရောက်လျက် ထမြောက် နိုးကြားနိုင်ကြပါစေကုန်သတည်း။ အပါယ်ဒုဂ္ဂတိရောက်မည့်အကြောင်း မကောင်းညစ်ဆိုး ဒုစရိုက်မျိုးကို သူတော်လက်နက်တရားစက်ဖြင့် ဖြိုဖျက်နိုင်ကြပါစေသတည်း။ အလောင်းအလျာဖြည့်ကောင်းရာသည့် သုံးဖြာဆယ်လီ ပါရမီအပေါင်းအကျင့်ကောင်းကို တစ်ဆင့်ထက်တစ်ဆင့် ရင့်ထက်ရင့်အောင် မလင့်ပုံသေ ဖြည့်ကျင့်နိုင်ကြပါစေကုန်သတည်း။

No comments:

Post a Comment