နေပြည်တော် မတ် ၆
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲရုံး အဆင့်ဆင့်တို့တွင် တာဝန် ထမ်းဆောင်မည့် ဦးစီးအရာရှိများ လုပ်ငန်းခွင်အကြို စွမ်းရည်မြှင့် သင်တန်း အမှတ်စဉ် (၂/၂၀၂၃) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲ တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက
သင်တန်းတွင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ရွေးကောက်ပွဲစနစ်များ၊ လုပ်ငန်းစဉ်များ၊
မဲဆန္ဒရှင် စီမံခန့်ခွဲမှုစနစ်နှင့် ရုံးလုပ်ငန်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊ ဝန်ထမ်းစည်းမျဉ်း
စည်းကမ်းများကိုသင်ကြားပို့ချ ပေးမည်ဖြစ်ကြောင်း၊ ပို့ချချက်များသည် လက်တွေ့လုပ်ငန်းများဆောင်ရွက်ရာ၌
အထောက်အကူ ဖြစ်စေမည် ဖြစ်သည့်အတွက် အလေးအနက်ထား လေ့လာ မှတ်သားကြရန်လိုကြောင်း။
ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးသည် အရေးကြီးကြောင်း၊
ကော်မရှင်အနေဖြင့် အခြေခံမဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအတွက် သက်ဆိုင်ရာဝန်ကြီး
ဌာနများနှင့်ပေါင်းစပ်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ မဲစာရင်းများ ပြုစုရာ၌
လွယ်ကူပြီးစနစ်တကျဖြစ်စေရန်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် အလိုက်ကြီးကြပ်ဆောင်ရွက်နိုင်ရန်
မဲဆန္ဒရှင်စာရင်းများ စီမံ ခန့်ခွဲမှုစနစ်ကို ရေးဆွဲဆောင် ရွက်ထားကြောင်း၊ ယင်းစနစ်အသုံးပြုနည်းကို
သင်တန်းတွင် စာတွေ့၊ လက်တွေ့ သင်ကြား ပေးမည်ဖြစ်သည့် အတွက် ကျွမ်းကျင်စွာအသုံးပြုတတ်အောင်
လေ့လာသင်ကြားကြရန် မှာကြားလိုကြောင်း။
သင်တန်းသားများသည် နိုင်ငံ့ ဝန်ထမ်းများ ဖြစ်သည့်အတွက် ပါတီနိုင်ငံရေး
ကင်းရှင်းရန်လို ကြောင်း၊ အထူးသဖြင့ ်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် တာဝန်ထမ်းဆောင်ကြမည့်
ဝန်ထမ်းများအနေဖြင့်လုံးဝပါတီ နိုင်ငံရေးကင်းရှင်းရန် လိုအပ်သည့်အတွက် အလေးအနက်ထား
လိုက်နာကြရန်မှာကြားလိုကြောင်း၊ နောက်ထပ်လိုက်နာရန်လိုအပ်သည့် ဥပဒေမှာ မြန်မာနိုင်ငံအစိုးရ
လျှို့ဝှက်ချက် အက်ဥပဒေဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းတစ်ယောက်အနေဖြင့်သာမက နိုင်ငံသားတစ်ယောက်
အနေဖြင့်ပါ လိုက်နာဆောင်ရွက် ကြရန် ပြောကြားလိုကြောင်း။
ရွေးကောက်ပွဲ များနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ကော်မရှင်သည် အဓိကတာဝန်ယူ
ရသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် ရွေးကောက်ပွဲကို ဥပဒေနှင့်အညီမှန်မှန်ကန်ကန်၊ မျှမျှ
တတဖြစ်အောင် အမှားမရှိရအောင်သတိထားပြီး ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် သင်တန်းသား တစ်ဦးချင်းစီအလိုက် ကိုယ်ရေး အချက်အလက်များကို
တင်ပြ ကြသည်။ သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊
ကော်မရှင် ရုံး တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူ ၆၀ တို့ တက်ရောက်ကြပြီး
သင်တန်းကို မတ် ၆ ရက်မှ ဧပြီ ၇ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment