Tuesday, March 7, 2023

ဝန်ထမ်းတစ်ဦးချင်းစီ၏ ကျွမ်းကျင်မှုနှင့် ဗဟုသုတများ တိုးတက်လာပါက အဖွဲ့အစည်း တိုးတက်လာမည်

 


နေပြည်တော် မတ် ၆

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနရှိ အရာထမ်းနှင့် အမှုထမ်းဝန်ထမ်းများအတွက် စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက နေပြည်တော်ရှိ ရုံးအမှတ် (၁) ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က သင်တန်းတွင် ၂၀၀၈- နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် စီးပွားရေးဆိုင်ရာ ဥပဒေများ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့်နည်း ဥပဒေများ၊ ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နိုင်ငံတော်အတွက် အဓိကလိုအပ်လျက်ရှိသော ဥပဒေရေးရာ အသိပညာများ၊ အာဆီယံစီးပွားရေး အသိုက်အဝန်းနှင့် သက်ဆိုင်သည့် အသိပညာများကိုထည့်သွင်းပို့ချ ပေးလျက်ရှိကြောင်း၊ ယခုကဲ့သို့ ဝန်ထမ်းများ ဥပဒေဆိုင်ရာဗဟုသုတများကိုပါ ထည့်သွင်းပို့ချပေးခြင်းသည် ဥပဒေကိုသိရှိ နားလည်ပြီး စည်းကမ်းလိုက်နာ သော တာဝန်သိ ဝန်ထမ်းကောင်း များ ဖြစ်စေလို၍ဖြစ်ကြောင်း၊၊

သင်တန်းသား တစ်ဦးစီ၏အရည်အချင်း (Capability) တိုးတက်ကာ စွမ်းဆောင်ရည် မြင့်မားလာစေရေးနှင့် ယှဉ်ပြိုင် နိုင်စွမ်း တိုးတက်စေရေးသည် အရေးကြီးပါကြောင်း၊ ဝန်ထမ်း များအနေဖြင့် သင်တန်းမှရရှိသော အသိပညာများဖြင့် မိမိတို့ဌာန၏ အားနည်းချက်၊ အားသာချက်များ ကို ပိုမိုသိမြင်လာပြီး ပေးအပ်သည့် လုပ်ငန်းတာဝန်များကို နှောင့်နှေး မှုမရှိ အချိန်မီ ပြီးစီးအောင်မြင် အောင် ဆောင်ရွက်လာနိုင်မည် ဖြစ်ကြောင်း၊ ဝန်ထမ်းတစ်ဦးချင်း စီ၏ ကျွမ်းကျင်မှုနှင့်ဗဟုသုတများ တိုးတက်လာပါက အဖွဲ့အစည်း တိုးတက်လာမည်ဖြစ်ပြီး “တစ်ဦးချင်းစီ၏ စွမ်းအားမှသည် နိုင်ငံ့စွမ်းအား” အထိ တိုးတက်လာ နိုင်မည်ဖြစ်ကြောင်း ပြောကြား သည်။

သင်တန်းသို့ လူကိုယ်တိုင် နှင့် Online မှတစ်ဆင့် သင်တန်းသားသင်တန်းသူ စုစုပေါင်း ၆၆ဦး တက်ရောက်ကြပြီး အဆိုပါသင်တန်းကို မတ် ၆ ရက်မှ ဧပြီ ၄ ရက်အထိ တစ်လကြာ သင်ကြား ပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment