Thursday, March 2, 2023

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့် (၁၉) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ စကားဝိုင်း ကျင်းပ

 

နေပြည်တော် မတ် ၁

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် နိုင်ငံ၏ စီးပွားရေးမဏ္ဍိုင်ဖြစ်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသာမက အမျိုးသားလုံခြုံ ရေးအတွက် အလွန်အရေးပါသော စားနပ်ရိက္ခာ စိုက်ပျိုး မွေးမြူထုတ်လုပ်မှုကို တာဝန်ယူဆောင်ရွက် နေခြင်းဖြစ်သည်ကို သတိချပ်ပြီး ပညာရပ်အလိုက် အရည်အသွေးပြည့်ဝသော လူသားအရင်းအမြစ်များ တိုးပွားလာရေး ကြိုးပမ်းကြရန်လိုကြောင်း၊ ယနေ့ မွန်းလွဲပိုင်းက  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ “လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပသည့် (၁၉) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေး နွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြား သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မိမိတို့အနေဖြင့် လယ်ယာကဏ္ဍကို တာဝန်ယူထားကြသူများဖြစ်သည့်အားလျော်စွာ နယ်ပယ်ပေါင်းစုံနှင့် ထိတွေ့ဆောင်ရွက် ရသည်ဖြစ်၍ အသိပညာ၊ အတတ်ပညာ၊ နည်းပညာများ တတ်မြောက်ကျွမ်းကျင်သော လူသားအရင်းအမြစ်များ အဖြစ်သာမကပဲ စိတ်ဓာတ်၊ အရည်အချင်း၊ အရည်အသွေး၊ အတွေ့အကြုံ၊ ခံယူချက်၊ ကျင့်ဝတ်၊ ဗီဇကောင်းများ မြင့်မားရန်လိုကြောင်း၊ တစ်ချိန်တည်းတွင် တောင်သူလယ်သမား များအပါအဝင် စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက်၌ ခေတ်မီနည်းပညာ အသုံးချနိုင်မှုနှင့် အတွေးအခေါ်များ ပြောင်းလဲတိုးတက်ဖွံ့ဖြိုးလာရေး ကြိုးပမ်းသွားရန်လိုကြောင်း၊ သို့မှသာ လယ်ယာကဏ္ဍတစ်ခုလုံး ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

 ထို့နောက်  “လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေး နွေးပွဲကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခဒေါက်တာ မင်းဇာနည်အောင်က အစီအစဉ်မှူးအဖြစ် တာဝန်ယူဆောင်ရွက်ပြီး စီမံကိန်းဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးသုတေသနဦးစီးဌာန၊ မွေးမြူရေး ဆိုင်ရာဆေးတက္ကသိုလ်တို့မှ ပညာရှင်များက ဝန်ကြီးဌာန၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေမှု၊ လူ့စွမ်းအားအရင်းအမြစ်များ အလွယ်တကူမပြုန်းတီး စေရေးနှင့် အရည်အသွေး ပိုမိုပြည့်ဝလာစေရေးအတွက် သက်ဆိုင်ရာဌာနအသီးသီးနှင့် ချိတ်ဆက်စီမံ ဆောင်ရွက်ပေးနေမှု၊ တက္ကသိုလ်များတွင် လိုအပ်နေသည့် HR plan အရ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေး မှုနှင့် Formal-informal ပညာရေး၏ အခန်းကဏ္ဍ၊ တက္ကသိုလ်များမှ မွေးထုတ် ပေးလိုက်သည့် Graduate များအား ပြင်ပလုပ်ငန်းများ၏ လိုအပ်ချက်များနှင့်အညီ ချိတ်ဆက်မှု၊ ပညာရေးဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရေးဆိုင်ရာ စီမံထားရှိမှု၊ နိုင်ငံ၏အခြေအနေအရ Generalist နှင့် Specialist များ၏လိုအပ်နေမှု၊ တက္ကသိုလ်များ၏ နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နေမှု၊ တက္ကသိုလ်၏ အဆင့်အတန်းနှင့် ပညာရပ်ဆိုင်ရာ စာစောင်နှင့် စာတမ်းများ ထွက်ရှိမှု၊ လုပ်ငန်းခွင်ဆိုင်ရာ တွေ့ကြုံနေရသည့် ပြဿနာများကို ဖြေရှင်းရာတွင် သုတေသနလုပ်ငန်း များ၏ အရေးပါမှု၊ Academic နှင့် Apply research များ၏ အနေအထားနှင့် ဆောင်ရွက်နေမှု၊ ငါးမျိုးသယံဇာတများ ပြုန်းတီးမှုမရှိစေရေးအတွက် အစီအမံများနှင့် Human resource အခြေအနေ၊ လူ့စွမ်းအား အရင်းအမြစ်များကို ထိရောက်စွာအသုံးချမှုအတွက် စီမံခန့်ခွဲဆောင်ရွက်မှုများ၊  တိုးချဲ့ပညာပေးရေးဆိုင်ရာ အရည်အချင်းများ တိုးတက်လာစေရေးအတွက် တိုးချဲ့ပညာပေးဝန်ထမ်းများအား လေ့ကျင့်ပေးနေမှုနှင့် တိုးချဲ့ပညာပေး ဝန်ထမ်းများလုံလောက် မှုမရှိခြင်းအတွက် ဖြည့်ဆည်းနိုင်ရေး စီမံဆောင်ရွက်မှုများနှင့် ပတ်သက်၍ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် အခမ်းအနားတက်ရောက်လာကြသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ကြသည့် ဌာနဆိုင်ရာများ၊ ပြင်ပ ပညာရှင်များက မေးမြန်းဆွေးနွေးခြင်း၊ အကြံပြုသုံးသပ်ခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment