Thursday, March 2, 2023

ဌာနတွင်းဝန်ထမ်းများ၏ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု မြှင့်တင်ရေးသင်တန်းဖွင့်ပွဲကျင်းပ

 

နေပြည်တော်   မတ်  

သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန   သမိုင်း သုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနအမျိုး သားစာကြည့်တိုက်   (နေပြည်တော်)တွင် မတ်လဆန်းမှ စတင်၍ ရက်သတ္တပတ် ခြောက်ပတ်ကြာ    ဖွင့်လှစ်မည့်    “ဌာနတွင်းဝန်ထမ်းများ၏ အင်္ဂလိပ်ဘာ သာစကား   ကျွမ်းကျင်မှုမြှင့်တင်ရေး သင်တန်း (Staff Capacity Building on English Proficiency Pilot Course)” ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပသည်။

 သင်တန်းဖွင့်ပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး     ဦးကိုကို၊ ဒုတိယဝန်ကြီး  ဦးအေးထွန်း၊   အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့်   ညွှန်ကြားရေးမှူးချုပ်များ၊   ဒုတိယ အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊  ဖိတ်ကြားထားသည့်ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ သင်တန်းပို့ချမည့် ဆရာဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် အရာထမ်း၊ အမှုထမ်းများ ပါဝင်တက်ရောက်ကြသည်။

 ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် ကမ္ဘာ့လူမှု - ယဉ်ကျေးမှုမျက်နှာစာမှာ အရေးပါ သော အခန်းကဏ္ဍမှပါဝင်နေသည့် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အတွက် နိုင်ငံ၏ ရေရှည် ဖွံ့ဖြိုးတိုး တက်မှုကို တွန်းအားပေးနိုင်ရန်   အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်သော ဝန်ထမ်းအင်အားရှိရန် အရေးကြီးသကဲ့သို့ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်သည့်အတွက်   နိုင်ငံ့ဝန် ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားရန်လည်း  အလွန်အရေးကြီးပါကြောင်း၊ ဘာသာပြန်၍ ပြန်ပြောင်းပြောဆိုခြင်း၊ ပညာရပ်ပိုင်းဆိုင်ရာ အရေးစွမ်းရည်၊ မှတ်စုမှတ်သား ခြင်းစသည့် ကဏ္ဍများမှာ ဘက်စုံကျွမ်းကျင်ထူးချွန်ပြီး အနာဂတ်လမ်း ကြောင်းကို မောင်းနှင်နိုင်မည့် အရည်အသွေး ပြည့်ဝသော နိုင်ငံ့ဝန်ထမ်းများ မွေးထုတ် ပေးနိုင်ရေးအတွက် ဤသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ အင်္ဂလိပ် ဘာသာစကားမှာ နိုင်ငံများအကြား ကွာဟချက်ကို ပေါင်းကူးပေးနိုင်ပြီး နိုင်ငံတကာနှင့်ထိတွေ့မှု အခွင့်အလမ်း ပေးနိုင်၍ လူတစ်ဦးချင်းစီအတွက် နိုင်ငံ တကာ မျက်နှာစာသို့ ရောက်ရှိ နိုင်စေရန် ကူညီပေးနိုင်မည် ဖြစ်ပါကြောင်း၊  ထိုသို့  စွမ်းဆောင်ရည် မြင့်မားတိုးတက်ပြီး   နိုင်ငံ့အကျိုးသယ်ပိုး နိုင်သည့် ဝန်ထမ်းကောင်းများ    ထွက်ပေါ်လာစေနိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်ပေးသည့် သင်တန်းမှာ သင်တန်းသား သင်တန်းသူများကလည်း စိတ်ဝင်စားမှုအပြည့်နှင့် မိမိနိုင်ငံ၊ မိမိဝန်ကြီးဌာန၊ မိမိဦးစီးဌာနတို့အတွက် ကြိုးစားသင်ယူကြရန်တိုက်တွန်းပြောကြားခဲ့ ကြောင်း သိရသည်။

 သတင်းစဉ်

 

No comments:

Post a Comment