Thursday, March 9, 2023

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကန်ပိုင်တည် စီးပွားရေးနယ်မြေစီမံကိန်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

 



မြစ်ကြီးနား မတ်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း မြန်မာ-တရုတ်နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုထိရောက်အောင်မြင်စေရေးနှင့် ရင်းနှီးမြှုပ်နှံမှုများအပေါ် ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ အကောင်အထည်ဖော်၍ စနစ်တကျစီမံဆောင်ရွက်နိုင်ရေး ကန်ပိုင်တည်စီးပွား ရေးနယ်မြေစီမံကိန်းနှင့် စပ်လျဉ်း၍ မတ် ၈ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးတွင် တာဝန်ရှိသူ များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြန်မာ-တရုတ်နယ်စပ် ကုန်စည်စီးဆင်းမှုချောမွေ့ရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ခိုင်မာအားကောင်းလာစေရေး မြန်မာ-တရုတ်နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင် အထည်ဖော်ရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီကို ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ကံပိုင်တည် စီးပွားရေးနယ်မြေစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းဆိုင်ရာ MoA နှင့် စပ်လျဉ်း၍ ယနေ့တက် ရောက်လာကြသူများအနေဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ကံပိုင်တည် စီးပွားရေးနယ်မြေစီမံကိန်းနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် Myanmar He ng Ya Invest-ment Development Co., Ltd. (မြန်မာ ဟိန်ရ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်)မှ မန်နေဂျင်းဒါရိုက်တာ ဦးဘောမ်လန်းက ရှင်းလင်းတင်ပြရာ မြန်မာ-တရုတ်နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ပြည်နယ်အဆင့် ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာသိမ့်သိမ့်မိုးက ကံပိုင်တည်စီးပွားရေး နယ်မြေစီမံကိန်းဆိုင်ရာ MoA တစ်ချက်ချင်းအလိုက် ပြင်ဆင်အကြုံပြုချက်များနှင့် ထပ်မံဖြည့်စွက် ရန်အချက်များကို စုစည်းတင်ပြရာ တက်ရောက် လာသူများက တစ်ချက်ချင်းအလိုက် ပြင်ဆင်ဖြည့်စွက် ဆောင်ရွက်သွားရမည့် ကိစ္စရပ်များအပေါ် သက်ဆိုင်ရာဌာနအလိုက် ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ  အကြံပြုသုံးသပ်ဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက် အကြံပြုဆွေးနွေး တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က စီမံကိန်းဆိုင်ရာ လုပ်ငန်းနှင့် စပ်လျဉ်း၍ လိုအပ်ချက်များအား တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment