မုံရွာ မတ် ၉
၂၀၂၃-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားကို မတ်လ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင်မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမအနီးတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီဝင်များနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမျိုးသမီးကဏ္ဍများအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက်
နိုင်ငံအဆင့်ယန္တရားအဖြစ် မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးကော်မတီအား ၁၉၉၆ ခုနှစ်တွင်
စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုအောက်တွင်
အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၊
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ် အမျိုးသမီးကော်မတီအဆင့်ဆင့်တို့အား
ပြင်ဆင်ဖွဲ့ စည်းထားရှိပြီး ဖြစ်ပါကြောင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်
တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီနှင့် လုပ်ငန်းကော်မတီတို့အား ဖွဲ့စည်းထားရှိပြီးဖြစ်သလို
နိုင်ငံတော်အဆင့်လုပ်ငန်းစီမံချက်များအား အတည်ပြုခဲ့ပြီးဖြစ်သည့်အတွက် ယခုစီမံချက်၏
လုပ်ငန်းစဉ် များကိုလည်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့မှစတင်၍ စတင်အကောင်အထည်ဖော်
လျက်ရှိပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို သတင်းပို့တိုင်ကြားနိုင်ရန်
အတွက် ၂၄ နာရီ Help Line ဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ်က စတင်ထူထောင်ထားရှိပြီး တိုင်ကြားစာများကို
လက်ခံဖြေရှင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ လမှစတင်၍ ဖုန်းဖြင့်တိုင်ကြားမှုအား
လက်ခံဆောင်ရွက်ခြင်းအပြင် နည်းလမ်းမျိုးစုံဖြင့် တိုင်ကြားနိုင်ရေးအတွက် Viber ၊
Messenger များတည်ထောင်ကာ စာတိုပေးပို့ပြီး တိုင်ကြားနိုင်ရေးကို စီစဉ်ထားရှိခြင်း၊
တိုင်ကြားစာကို သတင်းမပေါက်ကြားစေရေးအတွက် အထူးအလေးထားကာကွယ်ပေးကာ ဆောင်ရွက်ပေးခြင်း၊
အကြမ်းဖက်ခံရသူများကို တရားရင်ဆိုင်ခရီးစရိတ်နှင့် အသက်မွေးဝမ်းကျောင်း စရိတ်ထောက်ပံ့ပေးခြင်း၊
စိတ်လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးပေးခြင်း၊ လုံခြုံရေးအတွက် နားခိုရာနေရာ များစီစဉ်ပေးခြင်း၊
အခြားသောဝန်ဆောင်မှုများရရှိစေရန် ညွှန်းပို့ချိတ်ဆက်ပေးခြင်း တို့အား ဆောင်ရွက်ပေးလျက်
ရှိပါကြောင်း၊ အမျိုးသား၊အမျိုးသမီး တန်းတူညီမျှရေးကို အကောင်အထည်ဖော်သည့်အခါ ကဏ္ဍစုံ၌
မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျကျန်ရစ်ခြင်းမရှိစေဘဲ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်
ဦးတည်ချက်များထားကာ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခု ၂၀၂၃ ခုနှစ် အတွက် အပြည်ပြည်ဆိုင်ရာ
အမျိုးသမီးများနေ့အတွက် ဆောင်ပုဒ်ကတော့ “ကျား၊မ တန်းတူ ညီမျှဖို့ နည်းပညာနဲ့ဆန်းသစ်စို့”
“ Digital All: Innovation and technology for gender equality” ဖြစ်ပါကြောင်း၊ ယနေ့ခေတ်ကာလသည်
နည်းပညာခေတ်ကို ရောက်ရှိနေပြီဖြစ်သည့်အတွက် ရုပ်ပိုင်းဆိုင်ရာအသာစီးဖြင့် အနိုင်ယူနိုင်သည့်
ခေတ်ကာလမဟုတ်တော့ဘဲ နည်းပညာဖြင့်အနိုင်ယူနိုင်သည့် ခေတ်ကာလသို့ ရောက်ရှိနေပြီဆိုတာအားလုံးအသိပဲ
ဖြစ်ပါ ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက်
တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံမှပေးပို့သည့်
သဝဏ်လွှာအားဖတ်ကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့တက်ရောက်လာသူများက
၂၀၂၂-ခုနှစ်အတွင်း တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်များရှိ အမျိုးသမီးကော်မတီ၏ လှုပ်ရှားဆောင်
ရွက်မှု VIDEO Clip အား ကြည့်ရှုအားပေးပြီး အခမ်းအနားသို့တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး
လိုက်လံနှုတ်ဆက်အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
No comments:
Post a Comment