Thursday, March 2, 2023

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှစ်ဆင့်ချေးငွေစီမံကိန်း တောင်သူတစ်ဦးချင်း ကျပ်သိန်း ၇၀၀ အထိ ထုတ်ချေးပေးလျက်ရှိ

 

နေပြည်တော် မတ် ၁

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး  နှစ်ဆင့်ချေးငွေစီမံကိန်း၊ စီမံကိန်း ဦးဆောင်ကော် မတီ၏ (၂၅) ကြိမ်မြောက် အစည်းအဝေးကို  ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ စီမံကိန်းဦးဆောင် ကော်မတီဥက္ကဋ္ဌ  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှစ်ဆင့်ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လမှစတင်၍ အတိုးနှုန်းသက်သာသည့် ချေးငွေအဖြစ် တောင်သူတစ် ဦးချင်းသို့ ငွေကျပ်သိန်း ၇၀၀ အထိ နှစ်တို သုံးနှစ်၊ နှစ်ရှည် ငါးနှစ်အရစ်ကျ ပြန်ဆပ်စနစ်ဖြင့် ထုတ်ချေးပေး လျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်အထိ နေပြည်တော် ကောင်စီ၊  တိုင်းဒေသကြီး/ ပြည်နယ် ၁၄ ခုရှိ မြို့နယ် ၁၈၇ ခုမှ တောင်သူ ၅၆၀၉ ဦးသို့ ချေးငွေကျပ် ၂၃၂၀၄၅ ဒသမ ၈၁၈ သန်း ထုတ်ချေးထားပြီးဖြစ်ကြောင်း၊ ဆက်လက်၍ ချေးငွေ ရယူလိုသည့် တောင်သူများက တင်ပြလာမှုများကို  စိစစ်၍ စဉ်ဆက်မပြတ် ထုတ်ချေးပေး လျက်ရှိကြောင်း၊ ချေးငွေအစီစဉ် ကောင်းမွန်စွာ လည်ပတ်နိုင် ခြင်းဖြင့် တောင်သူများ၏ ဝင်ငွေ တိုးတက်လာ စေပြီး လယ်ယာ ကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်ရုံးချုပ်နှင့် ဘဏ်ခွဲအဆင့်ဆင့် အနေဖြင့် တာဝန်ခံမှု၊ တာဝန် ယူမှုဖြင့် Evaluation & Monitoring ကို  စဉ်ဆက်မပြတ်ပြုလုပ်ပြီး စီမံကိန်း အောင်မြင်ရေး အတွက် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် အမြဲမပြတ် ညှိနှိုင်း ဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ ချေးငွေ အစီအစဉ်တွင် လယ်ယာသုံး စက်ကိရိယာများ ပါဝင်ရောင်းချသည့်  ကုမ္ပဏီများအနေဖြင့် လည်း လိုက်နာရမည့် စည်းကမ်း သတ်မှတ်ချက်များ နှင့်အညီအတ္တ၊ ပရ မျှတစွာဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက် သွားကြရန် လိုအပ် ကြောင်း ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် တာဝန်ရှိသူများက Two Step Loan ချေးငွေထုတ်ချေးထားမှုနှင့် ဆက်လက်   ထုတ်ချေးမည့် အစီအစဉ်များကို တင်ပြဆွေးနွေးကြရာ ဦးဆောင်ကော်မတီဝင်များက ဝိုင်းဝန်းသုံးသပ်ဆွေးနွေး အကြံပြုသည်။

အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် တို့မှ ဦးဆောင်ကော်မတီ အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment