Wednesday, February 22, 2023

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသခွဲရုံးမှ ဒေသဆိုင်ရာညွှန်ကြားရေးမှူး Ms. Debora Comini နှင့်အဖွဲ့ကို လက်ခံတွေ့ဆုံ

 


နေပြည်တော် ဖေဖော်ဝါရီ ၂၁

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသခွဲရုံးမှ ဒေသဆိုင်ရာညွှန်ကြားရေးမှူး Ms. Debora Comini နှင့်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆွေးနွေး

တွေ့ဆုံစဉ် UNICEF က မြန်မာနိုင်ငံ၌ လတ်တလော အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအစီအစဉ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး မြန်မာနိုင်ငံနှင့် UNICEF အကြား ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်

No comments:

Post a Comment