Friday, February 24, 2023

ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းနှင့် OWIC လျှောက်ထားခြင်းများနှင့်ပတ်သက်၍ အများပြည်သူသိရှိနိုင်ရေး အသိပေးကြေညာခြင်း

 

- မိမိအစီအစဉ်ဖြင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် ကျွမ်းကျင်အလုပ်သမားများ၊ ခွင့်ပြန်အလုပ်သမားများ၊ အမြဲတမ်းနေထိုင်ခွင့်ပါမစ်ဖြင့် နေထိုင်လုပ်ကိုင်သူများမှ ပြည်ပ အလုပ်အကိုင်လမ်းညွှန်သင်တန်းတက်ရောက်ခွင့်နှင့် OWIC ပြုလုပ်ခွင့်များ တင်ပြလာပါက အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် ရုံးဖွင့်ရက် ၂ ရက်မှ ၃ ရက်အတွင်း လုပ်ထုံး လုပ်နည်းများနှင့်အညီ အမြန်စိစစ်ခွင့်ပြုပေးလျက်ရှိပြီး သင်တန်းတက်ရောက်ခွင့်ရရှိသည့် အမည်စာရင်းနှင့် OWIC ပြုလုပ်ခွင့်ရရှိသည့် အမည်စာရင်းများအား Safe Migration Telegram Channel မှတစ်ဆင့် အသိပေးကြေညာပေးလျက်ရှိပါသည်။

- ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းနှင့် OWIC လျှောက်ထားမှုများနှင့်ပတ်သက်၍ ပွဲစားများ/ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှ facebook များ၊ OWIC နှင့်ပတ်သက်သည့် facebook group များတွင် ဝန်ဆောင်မှုပေးသည့်ကြော်ငြာများ ကြော်ငြာလျက် ဝန်ဆောင်ခအဖြစ် ငွေကြေးများ အဆမတန်ကောက်ယူ၍ ဆောင်ရွက်ပေးနေ ကြောင်း၊ အချို့အလုပ်သမားများသည် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း တက်ရောက် ခွင့်နှင့် OWIC ပြုလုပ်ခွင့်များကို ပွဲစားများ/ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများထံ အပြီးအစီးလုပ်ငန်းအပ်နှံ၍ ဆောင်ရွက်မှုများရှိနေကြောင်း စိစစ်တွေ့ရှိရ ပါသည်။

- ပွဲစားများ/ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှ ဦးစီးဌာနသို့ အလုပ် လုပ်ကိုင်ခွင့်ပါမစ်အတု၊ ပြည်ဝင်ခွင့်ဗီဇာအတု၊ လေဆိပ်အဝင်တုံးအတု၊ အလုပ်ရှင်ခွင့်စာအတု၊ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းဆင်းလက်မှတ်အတု၊ ဘွဲ့လက်မှတ် သို့မဟုတ် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်အတု စသည့်စာရွက်စာတမ်းအထောက်အထားအတု များဖြင့်တင်ပြခြင်း၊ လူပုဂ္ဂိုလ်တစ်ဦးတည်းမှ လက်ရေးမူတစ်ခုတည်းဖြင့် ရေးသားတင်ပြခြင်း များ ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိလျက်ရှိပါသည်။

- ပွဲစား/အေဂျင်စီများအနေဖြင့် စာရွက်စာတမ်းအချက်အလက် အထောက်အထားအတုများဖြင့် တင်ပြဆောင်ရွက်ကြောင်း စိစစ်တွေ့ရှိရပါက လုပ်ငန်းဆောင်ရွက်သည့်ပွဲစား/ အေဂျင်စီအပြင် လုပ်ငန်းအပ်နှံသည့်အလုပ်သမားကိုပါ လိုအပ်သလို စိစစ်အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။

- အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းနှင့် OWIC ခွင့်ပြုဆောင်ရွက်ပေးရာတွင် ရုံးဖွင့်ရက် ၂ ရက်မှ ၃ ရက်အတွင်း အမြန်စိစစ်ခွင့်ပြုပေး လျက်ရှိပြီး လိုအပ်သည့်စာရွက်စာတမ်းအထောက်အထားများ တောင်းခံရာတွင် အလုပ်သမားများ အလွယ်အကူသိရှိနားလည်ရယူပေးနိုင်သည့် စာရွက်စာတမ်း အထောက်အထားများကိုသာ တောင်းခံခြင်းဖြစ်၍ ပွဲစား/အေဂျင်စီများထံ ဝန်ဆောင်ခအဖြစ် ငွေကြေးအဆမတန်ပေး၍ လုပ်ငန်းအပ်နှံခြင်းမပြုဘဲ မိမိကိုယ်တိုင် တင်ပြလျှောက်ထားကြပါရန် အသိပေးတိုက်တွန်းအပ်ပါသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန

No comments:

Post a Comment