Showing posts with label ကြေညာချက်. Show all posts
Showing posts with label ကြေညာချက်. Show all posts

Wednesday, August 26, 2026

ရေကြီးနစ်မြုပ်မှုဘေးဒဏ်ခံခဲ့ရသည့် ငါးမွေးမြူကန်များ ပြန်လည်မွေးမြူနိုင်ရန် လိုက်နာရမည့်အချက်များ


 

(၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အတီးပြိုင်ပွဲအတွက် ယှဉ်ပြိုင်ရန်သတ်မှတ်ထားသည့် တေးသီချင်းများ

 


၂၀၂၆ ခုနှစ်၊ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဦးတည်ချက်များ

 


ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း

 


Monday, August 17, 2026

အများပြည်သူသို့ လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရန်ရည်ရွယ်ပြီး မွန်းလွဲပိုင်း ဝန်အားသုံးစွဲမှုများပြားသည့် စက်မှုလုပ်ငန်းကြီးများကို ဓာတ်အားခ လျှော့ချပေး၍ ညပိုင်းအချိန်များသို့ ပြောင်းရွှေ့ဓာတ်အား သုံးစွဲနိုင်မည့် အစီအစဉ်အား အသိပေးကြေညာခြင်း

၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးပေးရာတွင် အများပြည်သူနှင့် စက်မှု/ စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဓာတ်အားရရှိစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်မှုရှိစေရေးတို့အတွက် ပြုပြင်ပြောင်းလဲမှုများကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

Saturday, August 15, 2026

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် အခြေအနေဆိုင်ရာ သတင်းထုတ်ပြန်ချက်

(၂ဝ၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်၊ နေပြည်တော်)

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ၊ အခြားနိုင်ငံများသို့ ရွှေ့ပြောင်းသွားလာကြသည့် လှေစီးဒုက္ခသည်များနှင့် ဘင်္ဂလားဒေ့ရှ် ကော့စ်ဘဇားရှိ စခန်းများတွင် နေထိုင်လျက်ရှိသူများနှင့် ပတ်သက်၍ ကမ္ဘာ့သတင်းမီဒီယာများတွင် အမျိုးမျိုးအဖုံဖုံ ပုံဖော်ရေးသားလျက်ရှိကြပါသည်။ ယင်းသို့ ရေးသားထုတ်ဝေ၊ ထုတ်လွှင့်ပြောဆိုနေမှုများသည် သတင်းမှားများ၊ အချက်အလက် မှားများအပေါ် အခြေခံလျက် တစ်ဖက်စောင်းနင်းရေးသားပြောဆိုနေကြခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများနှင့် ပတ်သက်၍ ဖြစ်စဉ်မှန်ကို အောက်ပါအတိုင်း ရှင်းလင်းဖော်ပြလိုပါသည်-

Digital Smart မီတာအသစ်များကို Website မှ လျှောက်ထားရာတွင် ပေးသွင်းရမည့်နှုန်းထားများအား အသိပေးကြေညာခြင်း

 

၁။        လျှပ်စစ်ဓာတ်အားသုံးစွဲလိုသော်လည်း မီတာမရှိသေးသည့် မိဘပြည်သူများအနေဖြင့် အိမ်သုံးအပြင် စီးပွားရေး/စက်မှုလုပ်ငန်းများအတွက်ပါ လိုအပ်သည့် Digital Smart မီတာအသစ်များကို နိုင်ငံတော်အစိုးရထံမှ ငှားရမ်းအသုံးပြုရာတွင် လျင်မြန်စွာရရှိနိုင်ရန်နှင့် တစ်ဆင့်ခံပွဲစားများ၊ ဝန်ထမ်းများ၏ ပါဝင်ပတ်သက်မှုများမှ ကင်းဝေးစေပြီး အချိန်နှင့်စရိတ်စကများ သက်သာစေရန် ရည်ရွယ် ၍ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှစ၍ Website မှတစ်ဆင့် ရုံးချုပ်သို့ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် နိုင်ငံပိုင်သတင်းစာများတွင် ကြေညာခဲ့ပြီးဖြစ်ပါသည်။

Friday, July 24, 2026

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြားနိုင်ပါကြောင်း ပြည်သူသို့အသိပေးခြင်း


 

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်း


 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအဖြစ် မစ္စတာ သော်ဆရလမ် အား ခန့်အပ်ရန်သဘောတူ

 နေပြည်တော် ဇူလိုင် ၂၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စတာ မုံခွန်း ဝိစစ်စတန်၏နေရာတွင် မစ္စတာ သော်ဆရလမ်အား ခန့်အပ်ရန် ထိုင်းနိုင်ငံအစိုးရ၏အဆိုပြုချက်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက သဘောတူညီပြီးဖြစ်သည်။

 မစ္စတာ သော်ဆရလမ်ကို ၁၉၇၅ ခုနှစ် မတ်လ ရက်တွင် မွေးဖွားခဲ့သည်။ ၎င်းသည် ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ်မှ ဂျာမန်ဘာသာစကားဖြင့် ဝိဇ္ဇာဘွဲ့၊ ရမ်ခမ်ဟွန်တက္ကသိုလ်မှ ဥပဒေပညာဖြင့် ဝိဇ္ဇာဘွဲ့၊ ဗြိတိန်နိုင်ငံ ဝေါဝခ်တက္ကသိုလ်မှ နိုင်ငံတကာ နိုင်ငံရေးဘောဂဗေဒဖြင့် မဟာဝိဇ္ဇာဘွဲ့တို့ကို ရရှိ ခဲ့သည်။

မစ္စတာ သော်ဆရလမ်သည် ၁၉၉၆ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဟိုချီမင်းမြို့ရှိ ထိုင်းကောင်စစ်ဝန်ချုပ်ရုံး၊ ဆစ်ဒနီမြို့ရှိ ထိုင်းကောင်စစ်ဝန်ချုပ်ရုံးနှင့်ဘူဒါပတ်မြို့ရှိ ထိုင်းသံရုံးတို့၌ ရာထူးအဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ လက်ရှိတွင် လော့စ်အိန်ဂျယ်လိစ်မြို့ရှိ ထိုင်းကောင်စစ်ဝန်ချုပ်ရုံးတွင် ကောင်စစ်ဝန်ချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

မစ္စတာ သော်ဆရလမ်သည် အိမ်ထောင်ရှင်တစ်ဦးဖြစ်သည်။

သတင်းစဉ်