Tuesday, February 28, 2023

သံတွဲမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများ ဒုတိယဝန်ကြီးဦးအေးကျော် ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဖေ‌ဖော်ဝါရီ ၂၇

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် သံတွဲခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး ခရိုင်နှင့် မြို့နယ်များမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး မွန်းလွဲပိုင်းတွင် ၆၆/၁၁ ကေဗွီ သံတွဲဓာတ်အားခွဲရုံသို့သွားရောက်၍ ဓာတ်အားဖြန့်ဖြူးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ သံတွဲခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ခရိုင်လျှပ်စစ် အင်ဂျင်နီယာနှင့် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဒုတိယအင်ဂျင်နီယာချုပ်တို့က သံတွဲခရိုင်အတွင်း မြို့နယ်အလိုက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေမှုနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက နောင်တွင်တိုးတက်သုံးစွဲလာမည့် ဓာတ်အားလိုအပ် ချက်များကို ကြိုတင်တွက်ချက်၍ ဓာတ်အားဖြန့်ဖြူးမှုစနစ်ကို စီမံဆောင်ရွက်ထားရန်၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းရေး၊ ဓာတ်အားခစနစ်တကျကောက်ခံရရှိရေး၊ ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေး အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းတာဝန်များကို လုံခြုံရေးအသိ၊ သတိဖြင့် ဝန်ထမ်းများအားလုံးစည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် သံတွဲမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများသို့ ဓာတ်အား ဖြန့်ဖြူးပေးနေသည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ၆၆/၁၁ ကေဗွီ၊ ၂၀ အမ်ဗွီအေ၊ သံတွဲ (နန်းချောင်း) ဓာတ်အားခွဲရုံကို ကြည့်ရှုစစ်ဆေးပြီး ဓာတ်အားခွဲရုံထိန်းသိမ်းပြုပြင်မှုကို ပုံမှန်ဆောင်ရွက်ရန်နှင့် ဓာတ်အားခွဲရုံအတွင်း ရေစီးရေလာကောင်းမွန်စေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် မှာကြားခဲ့သည်။

သတင်းစဉ်

No comments:

Post a Comment