Sunday, February 12, 2023

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ပြည်သူများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် လူသွားစင်္ကြန်(ပလက်​ဖောင်း) တိုးချဲ့အဆင့်မြှင့်တင်ခြင်း ​ဆောင်ရွက်ပြီးစီးမှုအ​ခြေအနေအား ကြည့်ရှုစစ်​ဆေး

 


မော်လမြိုင်   ဖေ​ဖော်ဝါရီ   ၁၂

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် သန့်ရှင်း၍စိမ်းလန်းစို​ပြေသာယာလှပပြီး အများပြည်သူများ စိတ်​အေးချမ်း​မြေ့မှုများရရှိ​စေ​ရေးအတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန်ဆောင်ရွက်လျက်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများသည် ​ယမန်နေ့ နံနက်ပိုင်းက ​​​မော်လမြိုင်မြို့၊ ​တောင်ဝိုင်းဘိုးဘွားများခိုလှုံရာရိပ်သာ၌ ဆောင်ရွက်နေမှုအား ကြည့်ရှုအား‌ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများက ဘိုးဘွားရိပ်သာအတွင်း၊ အပြင်နှင့် ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှု​ရေးအသင်းအဖွဲ့များ၊ အများပြည်သူများ တစ်တပ်တစ်အားပါဝင်၍ စုပေါင်းသန့်ရှင်းရေးဝိုင်းဝန်းဆောင်ရွက်နေမှုအ​ပေါ် ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဘိုးဘွားရိပ်သာအတွက် လိုအပ်သည်များကို ဖြည့်ဆည်း​ဆောင်ရွက်​ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည်  မြို့ပြအင်္ဂါရပ်များနှင့် ကိုက်ညီမှုရှိ​စေ​ရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ​​ဆောင်ရွက်​ပေးလျက်ရှိရာ အများ​ပြည်သူများ သွားလာနေထိုင်မှု အဆင်​ပြေ​မွေ့​စေ​ရေးအတွက် ​မော်လမြိုင်မြို့တက္ကသိုလ်သွားရာလမ်းတစ်လျှောက် လမ်းတိုးချဲ့ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် လမ်း​ဘေး ဝဲ၊ ယာ လူသွားစင်္ကြန်(ပလက်​ဖောင်း) တိုးချဲ့အဆင့်မြှင့်တင်ခြင်း အပိုင်းလိုက် ​ဆောင်ရွက်ပြီးစီးမှု အ​ခြေအ​နေအား ကြည့်ရှုစစ်​ဆေးခဲ့သည်။

ထို့​နောက် လုပ်ငန်း​ဆောင်ရွက်​နေမှုအ​ခြေအ‌နေနှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မြို့တွင်းသန့်ရှင်းသာယာ၊ လှပစေရေးအတွက် အမှိုက်များကို စနစ်တကျစွန့်ပစ်စေရေး၊ အများပြည်သူ စိတ်ချမ်းမြေ့စွာ နေထိုင်သွားလာနိုင်ကြစေရေး အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်

No comments:

Post a Comment