Saturday, February 18, 2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် အခါသမယတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာ နီကိုလိုင်း ပက်တ်ထရူးရှက်ဖ်ထံမှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ထံသို့ပေးပို့သည့် သဝဏ်လွှာ

မိမိတို့နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးထူထောင်သည့် (၇၅) နှစ်မြောက် အခါသမယတွင် အဆွေတော်အား နှုတ်ခွန်းဆက်သအပ်ပါသည်။

မြန်မာ-ရုရှားဆက်ဆံရေးသည် အစဉ်အလာအရ ချစ်ကြည်ရင်းနှီးသည့် ဝိသေသလက္ခဏာရှိပြီး တစ်ဖက်နှင့်တစ်ဖက် အကျိုးစီးပွားကို လေးစားမှုပေါ်တွင်အခြေခံပါသည်။

ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား လုံခြုံရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုသည် မိမိတို့ပြည်သူများ သာယာဝပြောရေးနှင့် အာရှ-ပစိဖိတ်ဒေသတစ်ခုလုံး၏ တည်ငြိမ်မှုကိုထိန်းသိမ်းရေးတို့တွင် အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါသည်။

မိမိတို့၏ အပြုသဘောဆောင်သည့်ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်နိုင်ရန်အတွက် ၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်မှ ၂၅ ရက်အထိ မော်စကိုမြို့တွင်ကျင်းပမည့် (၁၁)ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်တာဝန်ရှိသူအရာရှိကြီးများ အစည်းအဝေးတွင် အဆွေတော်နှင့် လူကိုယ်တိုင်တွေ့ဆုံနိုင်ရန် မျှော်လင့်လျက်ရှိပါသည်။

အဆွေတော်ကျန်းမာရွှင်လန်း၍ လုပ်ငန်းဆောင်တာများတွင် အောင်မြင်မှုများထပ်မံရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

No comments:

Post a Comment