ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခါသမယတွင် အဆွေတော်အား လှိုက်လှဲစွာနှုတ်ခွန်းဆက်သအပ်ပါသည်။
လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း တည်ဆောက်ခဲ့သည့် အစဉ်အလာအရ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုနှင့် လေးစားမှုတို့အပေါ်အခြေခံသည့် နှစ်နိုင်ငံဆက်ဆံရေးသည် နယ်ပယ်ကဏ္ဍစုံ တွင် တဖြည်းဖြည်းတိုးတက်လျက်ရှိပါသည်။ ယုံကြည်အားထားရသော နိုင်ငံရေးဆွေးနွေးမှုများနှင့် ဦးစားပေးကဏ္ဍများတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်လာနိုင်ခြင်းတို့ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ဗလာဒီဗော့စတော့မြို့၌ ကျင်းပခဲ့သည့် (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် ကာလအတွင်း နှစ်နိုင်ငံခေါင်းဆောင်များ၏တွေ့ဆုံမှုက သက်သေထူနိုင်ခဲ့သည့်အပေါ် ဝမ်းမြောက်စွာ မှတ်သားမိပါသည်။
နိုင်ငံတကာနှင့်ဒေသတွင်း အရေးကြီးကိစ္စရပ်များနှင့်ပတ်သက်၍ မိမိတို့နိုင်ငံခြားရေးဝန်ကြီးဌာန များအကြားချိတ်ဆက်ဆောင်ရွက်မှုနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲများတွင် ညှိနှိုင်း ကြိုးပမ်းမှုများ ပိုမိုခိုင်မာစေနိုင်ရန် မိမိတို့ကအထူးအလေးထားပါသည်။ မြန်မာနိုင်ငံအနေဖြင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့နှင့် ဥရောပအာရှ စီးပွားရေးသမဂ္ဂတို့သို့ ပါဝင်ဆောင်ရွက်လိုခြင်းသည် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သစ်တစ်ရပ် ဖြစ်ထွန်းလာစေပါသည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများ သည် အရှေ့တောင်အာရှနှင့် အာရှ-ပစိဖိတ်ဒေသတစ်ခုလုံး၏ လုံခြုံရေးနှင့်စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါသည်။
အဆွေတော်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ လုပ်ဖော်ကိုင်ဖက်များအားလုံး ကျန်းမာရွှင်လန်း၍ လုပ်ငန်းတာဝန်များတွင် အောင်မြင်မှုများရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
No comments:
Post a Comment