၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်တွင် ကျရောက်သည့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် အခါသမယတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကိုယ်စားနှင့် မိမိတို့မှ အဆွေတော်ထံသို့ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း နှုတ်ခွန်းဆက်သအပ်ပါသည်။
မြန်မာ-ရုရှား ပူးပေါင်းဆောင်ရွက်မှုသည် အစဉ်လာအရခိုင်မြဲသော ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်နားလည်မှုတို့အပေါ် အခြေခံထားကြောင်း ယခုကဲ့သို့ မင်္ဂလာရှိသော အခါသမယတွင် ထပ်လောင်းပြောကြားလိုပါသည်။ လွန်ခဲ့သည့်နှစ်ပေါင်း (၇၀)ကျော်အတွင်း မိမိတို့အနေဖြင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆောင်ရွက်မှုကဲ့သို့သော ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးမှ တစ်ဆင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများတွင် သိသာထင်ရှားသည့် တိုးတက်မှုများရရှိခဲ့ပါသည်။
နှစ်နိုင်ငံအပြန်အလှန်ထိတွေ့မှုများနှင့် ကာကွယ်ရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံနှင့် နည်းပညာနယ်ပယ်အပါအဝင် ကဏ္ဍစုံရှိလက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများသည် နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားနှင့်သာယာဝပြောမှုအတွက် တိုးတက်ခိုင်မာလျက်ရှိကြောင်း အခွင့်ကြုံခိုက် အလေးထားပြောကြားလိုပါသည်။
နှစ်နိုင်ငံကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးတက်ခိုင်မာစေရန်နှင့် အာရှပစိဖိတ်ဒေသနှင့် ကမ္ဘာ့ရေးရာများတွင် ပူးပေါင်းဆောင်ရွက်သည့်နည်းလမ်းများဖြင့် လုံခြုံမှုနှင့်တည်ငြိမ် အေးချမ်းမှုတိုးမြင့်စေရေး ကြိုးပမ်းရန်ကတိကဝတ်ကိုလည်း ထပ်လောင်းအတည်ပြုအပ်ပါသည်။
အဆွေတော် ကျန်းမာရွှင်လန်းပါစေကြောင်းနှင့် ရုရှားပြည်သူများအားလုံး အောင်မြင်ပျော်ရွှင်၍ သာယာဝပြောပါစေကြောင်း လှိုက်လှဲစွာဆုမွန်ကောင်းတောင်းအပ်ပါသည်။
No comments:
Post a Comment