ရန်ကုန် ဖေဖော်ဝါရီ ၂၅
အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု အခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) သင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲနှင့် အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ကုန်သွယ်ရေးဦးစီးဌာန (ရန်ကုန်တိုင်း ဒေသကြီးရုံး)ရှိ ကုန်သွယ်မှုသင်တန်း ကျောင်း၌ ကျင်းပသည်။
သင်တန်းဆင်းပွဲသို့
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ ဦးစီးဌာနများမှ
အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌနှင့်အသင်းအဖွဲ့များမှ
တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်သားသင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင်
ဒုတိယဝန်ကြီး က ပြည်တွင်း ပြည်ပ ကုန်သွယ်ရေးဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊
လုပ်ထုံး၊ လုပ်နည်းများနှင့် လက်တွေ့ပိုင်းဆိုင်ရာ လုပ်ငန်းအကြောင်းအရာများကို မိမိတို့လုပ်ငန်းနယ်ပယ်တွင်
ပြန်လည်အသုံးချ ခြင်းဖြင့် ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက် စေပြီး နိုင်ငံ၏စီးပွားရေးကဏ္ဍ
ဖွံ့ဖြိုး တိုးတက်စေရန် အထောက်အကူပြု ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားပြီး သင်တန်းတွင်
ဆုရရှိကြသူများကို ဆုများပေးအပ်ချီးမြှင့်ကာ သင်တန်းသားသင်တန်းသူများကို အောင်လက်များ
ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment