Sunday, February 12, 2023

နိုင်ငံတကာစာရင်းစံများကို လိုက်နာကျင့်သုံးခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်

 

May be an image of 5 people, people standing and indoor

နေပြည်တော် ဖေဖော်ဝါရီ ၁၁

နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများ အပိုင်း(၁) သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးက နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာ စာရင်းစံများ (Inter-national Public Sector Acco-unting Standards – IPSAS ) ကို အစိုးရဌာန၊ အဖွဲ့အစည်းများတွင် ကျင့်သုံးရမည့် ဘဏ္ဍာရေးရှင်းတမ်းတင်ပြမှုပုံစံများတစ်ပြေး ညီဖြစ်စေရန် IPSAS ဘုတ်အဖွဲ့မှ ချမှတ်ပြဋ္ဌာန်းထားကြောင်း။

IPSAS ကို လိုက်နာကျင့်သုံးခြင်းဖြင့် အစိုးရ၏ တစ်စုတစ်စည်းတည်းသော ဘဏ္ဍာရေးရှင်းတမ်းများ ရေးဆွဲနိုင်ခြင်း၊ နိုင်ငံပိုင်ကဏ္ဍ ဘဏ္ဍာရေးအစီရင်ခံခြင်း ပွင့်လင်းမြင်သာမှုနှင့်တာဝန်ခံမှု၊ တာဝန်ယူမှု တိုးတက်စေခြင်းအပြင် အရည်အသွေးမြင့်မား၍ ယုံကြည်အားထားရသည့် ဘဏ္ဍာရေးရှင်းတမ်းများ ရေးဆွဲတင်ပြနိုင် မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိလာနိုင်ပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း၊ ထို့ပြင် အစိုးရဌာန၊ အဖွဲ့အစည်းများရှိ ချေးငွေ၊ ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သည့်စီမံကိန်းလုပ်ငန်းများတွင် လိုအပ်ချက်အရ ဘဏ္ဍာရေးရှင်းတမ်းများကို IPSAS အခြေခံဖြင့် ရေးဆွဲရန်လိုအပ်လာပြီဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ နေပြည်တော် သင်တန်းကျောင်းကျောင်းအုပ်က သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြော ကြားသည်။

သင်တန်းတွင် IPSAS အကြောင်း မိတ်ဆက်ခြင်းနှင့်ယူဆချက်မူဘောင်၊ ဘဏ္ဍာရေးရှင်းတမ်းများ ရေးဆွဲတင်ပြခြင်း၊ ငွေသားစီးဆင်းမှုရှင်းတမ်း စသည်တို့ကိုသင်ကြားပို့ချသွားမည် ဖြစ်ကြောင်း၊ သင်တန်းကို ဖေဖော်ဝါရီ ၁၁ ရက်မှ ဩဂုတ် ၂၆ ရက်အထိ အပတ်စဉ်စနေနေ့တိုင်း ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment