Sunday, February 12, 2023

ဖန်တီးပေးနိုင်သည့် သက်မွေးပညာများကို လက်တွေ့ကျွမ်းကျင်မှုရရှိစေရန် သင်ကြားပေးလျက်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်)၌ အလုပ်အကိုင်အခွင့်အလမ်းများ နေပြည်တော်

 

  May be an image of 12 people and people standing

 ဖေဖော်ဝါရီ ၁၁

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် တာဝန်ရှိသူများနှင့် အတူ ယမန်နေ့မွန်းလွဲပိုင်းက အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်) အစည်းအဝေးခန်းမသို့ရောက်ရှိပြီး ကျောင်းအုပ်ကြီး ဦးအောင်ထိုက်သူက သင်တန်းများဖွင့်လှစ် သင်ကြားနေမှုကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက သတ်မှတ်အရည်အသွေး စံနှုန်းများနှင့် အညီ ဖွင့်လှစ်သင်ကြားနိုင်ရေး အလေးထားဆောင်ရွက်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့် သက်မွေးပညာ၊ နည်းပညာရပ်များဖြစ်၍ လက်တွေ့ကျွမ်းကျင်မှု ရရှိစေရန် Hand on ဖြစ်အောင် သင်ကြားခြင်းနှင့် တတ်မြောက်မှု စစ်ဆေးခြင်းများ စနစ်တကျဆောင်ရွက်ရန်၊ အင်ဂျင်နီယာပညာရှင် များအဖြစ်သို့ ဆက်လက်တက်ရောက်နိုင်သည့် အခွင့်အလမ်းများရှိနေသဖြင့် ရေရှည်မျှော်မှန်းကာ ဆက်လက်သင်ကြားခွင့် ရရှိနိုင်အောင်လေ့ကျင့်ပေးရန်၊ သင်တန်းဆင်းများ၏ အလုပ်အကိုင်ရရှိမှုနှင့် လူမှုဘဝအဆင့်အတန်းမြင့်မား လာမှုများကို Feedback Survey and Analysis ဆောင်ရွက်မှတ်တမ်းထားရန် ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် အဆောက်အဦနည်းပညာ သင်တန်း၊ လျှပ်စစ်နည်းပညာ သင်တန်း၊ မော်တော်ယာဉ် နည်းပညာသင်တန်း၊ စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ခြင်းနည်းပညာသင်တန်း၊ အီလက်ထရွန်နစ် နည်းပညာသင်တန်းနှင့် သုတနည်းပညာသင်တန်းနှင့် အဆောက်အဦ ပြုပြင်ထိန်းသိမ်းမှု နည်းပညာသင်တန်းတို့တွင် ကျောင်းသား ကျောင်းသူများ လက်တွေ့လုပ်ဆောင်နေမှုများနှင့် ပင်မဆောင်တည် ဆောက်ရေးလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

 

No comments:

Post a Comment