Tuesday, February 28, 2023

လွိုင်ကော်မြို့၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 




လွိုင်ကော် ဖေဖော်ဝါရီ ၂၈

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီး များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်မှုကော်မတီများ တက်ရောက် ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ပြည်နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် အောင်မြင်စွာကျင်းပ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီ အသီးသီးက တာဝန်ယူဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ စာမေးပွဲကာလအတွင်း မေးခွန်းလွှာများ ထုတ်ယူသယ်ဆောင်မှုအဆင် ပြေစေရေး၊ ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ စာမေးပွဲဖြေဆိုနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ရေး၊ လျှပ်စစ်မီးများ ပြတ်တောက်မှု မရှိစေရေး၊ မီးဘေးအန္တရာယ်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့ကို အထူးဂရုပြု ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်မှုကော်မတီများက  မိမိတို့၏ လုပ်ငန်းများ အလိုက် ဆောင်ရွက်ထားသည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

 

No comments:

Post a Comment