နေပြည်တော် ဖေဖော်ဝါရီ ၁၈
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organization)၏ ဆေးဝါးကွပ်ကဲသူများနှင့် ဆေးဝါးထုတ်လုပ်သူများကွန်ဖရင့် (Conference of Drug Regulators and Manu-facturersinSCOmember states) ကို ယမန်နေ့က အိန္ဒိယနိုင်ငံ Ministry of Health and FamilyWelfare က ကြီးမှူး၍ Virtual စနစ်ဖြင့် ကျင်းပသည်။
အခမ်အနားသို့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏
အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများမှ ဆေးဝါးကွပ်ကဲရေးဆိုင်ရာကျွမ်းကျင်ပညာရှင်များ၊
မြန်မာ နိုင်ငံကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယ
ညွှန်ကြားရေးမှူးချုပ်၊ စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းမှတာဝန်ရှိသူများ၊
ဆေးဝါး စက်ရုံများမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
အဆိုပါကွန်ဖရင့်၌ ဆေးဝါးကွပ်ကဲရေးနှင့်ဥပဒေဆိုင်ရာ
လုပ်ထုံးလုပ်နည်းများကို အဖွဲ့ဝင်နိုင်ငံများအကြား နားလည်မှုရှိစေပြီး ဆေးဝါးကွပ်ကဲရေးလုပ်ငန်းများတွင်
အသိပညာဖလှယ်နိုင်ရေး၊ ဆေးဝါးအရည်အသွေးစစ်ဆေးမှု၊ သုတေသနစမ်းသပ်မှု၊ ထုတ်လုပ်မှုဆိုင်ရာကောင်းမွန်သောကျင့်စဉ်တို့ကို
လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေး၊ ဆေးဝါးကွပ်ကဲသူများကို အရည်အသွေးမြှင့်တင်ခြင်း
သင်တန်းများဆောင်ရွက်နိုင်ရေး၊ ဆေးဝါးဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်နိုင်ရေး၊
သတင်းအချက် အလက်များဖလှယ်နိုင်ရေး အစရှိသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။
ဦးစွာ အိန္ဒိယနိုင်ငံ ဗဟိုဆေးဝါးကွပ်ကဲရေးအဖွဲ့၏
ညွှန်ကြားရေးမှူးချုပ်က ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများပြားစဉ်ကာလအတွင်း ဆေးဝါးများ၊
ကာကွယ်ဆေးနှင့်ဆေးပစ္စည်းများရရှိစေရန် အိန္ဒိယနိုင်ငံ၏ဆေးဝါးကွပ်ကဲရေးဆောင်ရွက်ချက်များ၊
ဖြေလျှော့မှုများ၊ စမ်းသပ်ချက်များ၊ အထူးအရှိန်မြှင့်စိစစ်ခွင့်ပြုချက်များနှင့်ပတ်သက်၍
ပြောကြားသည်။
ယင်းနောက် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့်
အိန္ဒိယ၊ တရုတ်၊ ရုရှား၊ ကာဇက်စတန်၊ ကာဂျစ်၊ ပါကစ္စ တန်၊ တာဂျီကစ္စတန်၊ ဥဇဘက်ကစ္စတန်နိုင်ငံများ၏
ဆေးဝါးကွပ်ကဲရေးဆိုင်ရာပညာရှင်များက အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများအကြား
ဆေးဝါးကွပ်ကဲရေးနယ်ပယ်တွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များကို
ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကိစ္စများနှင့်ပတ်သက်၍
ဆွေးနွေးခဲ့ကြောင်းသိရသည်။
သတင်းစဉ်
No comments:
Post a Comment