Monday, February 20, 2023

ကယားပြည်နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲသို့ ကယားပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

 



လွိုင်ကော် ဖေဖော်ဝါရီ ၂၀

ကယားပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်ခရိုင်စုပေါင်းရုံးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးနှင့် လုမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ 


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ဘေးအန္တရာယ်ကျရောက်မှုများသည် နှစ်စဉ်တိုးပွားလျက်ရှိသည်ကို မြင်တွေ့နေရသဖြင့် ကြိုတင်ပြင်ဆင်ခြင်းများကို စီမံဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာ အသီးသီးရှိတာဝန်ရှိသူများက ရုတ်တရက်ဖြစ်ပွားသော သဘာဝဘေးအန္တရာယ် ကျရောက်မှုဖြစ်စဉ်များတွင် အသက်ဆုံးရှုံးမှုနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေးအတွက် စနစ်တကျနှင့် အလျင်အမြန် ရင်ဆိုင်တုံ့ပြန်နိုင်သည့် လုပ်ငန်းစဉ်များကို သိရှိနားလည်ဆောင်ရွက်တတ်ရ မည်ဖြစ်ကြောင်း၊ မိမိတာဝန်ကျရာဒေသများ တွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ဆန်းစစ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ ကာကွယ်ခြင်း၊ ပြန်လည်ထူထောင်ခြင်း လုပ်ငန်းစဉ်များကို လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်တတ်သည့် လူ့စွမ်းအားအရင်း အမြစ်များဖြစ်လာအောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည် ။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသို့တက်ရောက်လာကြသည့် သင်တန်းသား/ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို လွိုင်ကော်မြို့နယ်ရှိ သက်ဆိုင်ရာဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများဖြင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၄၈) ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ  ၅ ရက် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ ဆက်)

No comments:

Post a Comment