Monday, February 20, 2023

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အဆင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

 


မော်လမြိုင်   ဖေဖော်ဝါရီ   ၂၀

မွန်ပြည်နယ်တွင်​ ပြည်နယ်အဆင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း အမှတ်စဉ် (/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၀ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

 

ရှေးဦးစွာ အခမ်းအနားတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲလာမှု၊ ကမ္ဘာ့ လူဦးရေတိုးပွားလာမှု၊ ရုပ်ကြွင်းလောင်စာများကို အမြောက်အများအသုံးပြုခြင်း၊ လူမှုရေးစနစ်ပြောင်းလဲလာမှုနှင့်အတူ ဓါတုကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ခေတ်မီဆန်းသစ်သော လက်နက်ဆန်းတီထွင်မှုများနှင့် ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုများ ပြည်နယ်အတွင်းရှိ အခြေခံ လူမှုစီးပွား အဆောက်အဦများ ထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာအောင် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကို ဆောင်ရွက်လိုကြောင်း  ဘေးအန္တရာယ်စီမံခန့်ခွဲမှုစက်ဝန်းရဲ့ အဆင့် (၃) ဆင့်မှာ ပထမအဆင့်ဖြစ်သော ဘေးမဖြစ်ပွားမီအဆင့်မှာ ဘေးအန္တရာယ်များကို ကြိုတင်ခန့်မှန်းခြင်း၊ ကြိုတင်သတိပေးချက်များကို ထုတ်ပြန်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ အသိပညာပေးခြင်း၊ ဘေး အန္တရာယ် တစ်ခုခြင်းစီအလိုက် စီမံချက်များ ရေးဆွဲထားခြင်း စသောအချက်များအတိုင်း ဆောင် ရွက်ရမှာဖြစ်ပြီး ဒုတိယအဆင့်ဖြစ်သည့် ဘေးဖြစ်ပွားစဉ် အရေးပေါ်အခြေအနေမှာ ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ ဘေးလွတ်ရာသို့ ရှောင်တိမ်းခြင်း၊ အရေးပေါ် အခိုအကာနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးခြင်း အခြေအနေများကို လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို သိရှိနားလည်ပြီး သင်တန်းသား/ သူ များအနေဖြင့် သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်သော ဗဟုသုတများကိုသိရှိပြီး မိမိနေထိုင်ရာ၊ မိမိတာဝန်ကျ ရာဒေသတွေကို ပြန်လည်ရောက်ရှိတဲ့အခါ မိမိဒေသမှာ ဖြစ်ပွားတတ်သည့်ဘေးတွေကို ကြိုတင်ခန့်မှန်းနိုင်ခြင်း၊ ကြိုတင်စီမံချက်များရေးဆွဲခြင်း၊ ဘေးကင်းစိတ်ချရသည့် အဆောက်အဦနှင့် နေရာများ ကြိုတင်လေ့လာထားခြင်း၊ ဘေးဖြစ်ပွားစဉ် ဘေး အန္တရာယ်ကြောင့် ထိခိုက်လျော့ပါးအောင် ဆောင်ရွက်ရမဲ့ နည်လမ်းနဲ့ အခြေအနေများကို ကြိုတင်ပြင်ဆင်လေ့လာထားပြီး ဘေးအန္တရာယ်နဲ့ကြုံတွေ့ရတဲ့အခါ မိမိတို့ဆည်းပူး လေ့လာခဲ့သည့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုပညာရပ်များကို ထိရောက်စွာ အသုံးချပြီး ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ဘေးအန္တရာယ်များမှ ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် ကူညီဆောင်ရွက်နိုင်စေလိုကြောင်း မှာကြားခဲ့သည်။

ထို့နောက် မွန်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာန၊ ညွှန်ကြားရေးမှုး၊ ဦးသိန်းဌေးအောင်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော သင်တန်းသူ/ သားများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့သည်။

အဆိုပါ သင်တန်းကို သင်တန်းသား/ သူ (၅၅)ဦးတို့က မော်လမြိုင်ပညာရေးဒီဂရီ ကော လိပ်ကျောင်းတွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ ၄ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူ(ပြန်/ ဆက်)

 

 

No comments:

Post a Comment