မိုင်းဆတ် ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီက မိုင်းဆတ်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများအား ဇီအုန်ဟိုတယ်ခန်းမဆောင်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်
ဒေါက်တာကျော်ထွန်းက နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ
ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန်၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေး၊
အားကစားကဏ္ဍများအပါအဝင် တစ်ပိုင်တစ်နိုင် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းများအား ခရိုင်/မြို့နယ်တာဝန်ရှိသူများမှ အားပေးဆောင် ရွက်ကြရန်၊ လမ်းညွှန်အမှာစကား ပြောကြားပြီး
ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖတို့အား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်
ဒေါက်တာကျော်ထွန်းနှင့်အဖွဲ့သည် (Working Group) မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းစာရင်း
ကောက်ယူနေမှုနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် (၂၃၉)သန်းဖြင့်
အောင်ဇေယျဘက်စုံ အားကစားကွင်းအတွင်း (RC) နှစ်ထပ် ပွဲကြည့်စင် (၈၅)ရာခိုင်နှုန်း တည်ဆောက်ပြီးစီးမှု
အခြေအနေတို့ကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)
No comments:
Post a Comment