Tuesday, December 6, 2022

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၇၀) သင်တန်းဖွင့်

နေပြည်တော် ဒီဇင်ဘာ ၅

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် ဖွင့်လှစ်ခဲ့သော အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၇၀) ၏ သင်တန်းဖွင့်အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့အဖွဲ့ဝင် ဦးဆန်းမြင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခ ချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ယခုသင်တန်းကို မြန်မာနိုင်ငံအထက် ပိုင်းရှိ အခြေခံပညာဦးစီးဌာနမှ မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြအဆင့် အခြေခံပညာ ဆရာ ဆရာမများကို တစ်နေရာတည်းတွင် စုစည်းဖွင့်လှစ်ခြင်းဖြစ်ပြီး နိုင်ငံတော်၏ မူဝါဒလုပ်ငန်းစဉ်များ၊ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး လုပ်ငန်းစဉ်များ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခြေအနေများကို သိရှိစေရန်၊ ကျောင်းသားများနှင့် စပ်လျဉ်းသည့် စီမံခန့်ခွဲရေးနှင့် သင်ကြားရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လေ့လာနိုင်စေရန်၊ ဆရာ့သိက္ခာနှင့် ဆရာ့ကျင့်ဝတ်များကို သဘောပေါက် တန်ဖိုးထားတတ်စေရန်၊ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို သိရှိစေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်း ဖြစ်ပါကြောင်း။         

တိုက်တွန်းမှာကြား

နိုင်ငံ့ဝန်ထမ်းကောင်းတစ်ဦး၏ စိတ်ဓာတ်ရေးရာ၊ စည်းကမ်း၊ ခံယူချက်နှင့် ယုံကြည်ချက်များ ပိုမိုခိုင်မာလာသည့် ဆရာ ဆရာမများဖြစ်အောင် ကြိုးစားကြရင်း ပညာရေးဝန်ကြီးဌာနနှင့် အခြေခံပညာကျောင်း၏ ဂုဏ်ဆောင်နိုင်ရန်၊ ကြိုးစားကြရန် တိုက်တွန်းမှာကြားသည်။

ရင်းရင်းနှီးနှီး နှုတ်ဆက်

ထို့နောက် သင်တန်းသား သင်တန်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား ၁၀၉ ဦး၊ သင်တန်းသူ ၄၆၂ ဦး စုစုပေါင်း ၅၇၁ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ (၅)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment