မကွေး ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး အသက်ကန့်သတ်ချက်များ အလိုက် အားကစားပြိုင်ပွဲများကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုအဆင့်အတန်းမြင့်မားလာစေရန်၊ အားကစားလှုပ်ရှားမှုများ ပြုလုပ်၍ စုပေါင်း လှုပ်ရှားတတ်သော အလေ့အကျင့်ကောင်းများရရှိစေရန်၊ ပြည်သူတစ်ရပ်လုံး အားကစားကို စိတ်ပါဝင်စားလာစေရန်နှင့် လူငယ်လူရွယ်များ အားကစားကို ပိုမိုစိတ်ဝင်စားလာပြီး မိမိတို့ပတ်ဝန်းကျင်တွင် ကျယ်ကျယ်ပြန့်ပြန့်ကစားရာမှ တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားပြိုင်ပွဲများကို ကျင်းပ ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၂၅)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး စက်ဘီးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၆ နာရီက မကွေးခရိုင်အားကစားကွင်းအနီး လမ်းငါသွယ်အဝိုင်းပတ်လမ်း၌ ကျင်းပခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား(၂၅)မြို့နယ်၊ အသက်(၂၅)နှစ်အောက် အမျိုးသား စက်ဘီးပြိုင်ပွဲကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် အမျိုးသမီးစက်ဘီးပြိုင်ပွဲကို တိုင်းဒေသကြီး အမျိုးသမီးအားကစား အဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်တို့က ခရာမုတ်အချက်ပေးအလံဖြင့် စတင်တာလွှတ်ပေးခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က စက်ဘီးပြိုင်ပွဲအား ကြည့်ရှုအားပေးကာ ပြိုင်ပွဲဝင်စက်ဘီးအားကစားသမားများအား ပန်းဝင်ကြိုဆိုခဲ့ကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ်ဖလား(၂၅)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး စက်ဘီးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို တိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ အမျိုးသမီးစက်ဘီးပြိုင်ပွဲတွင် ပထမဆုကို သရက်မြို့နယ်မှ မမေနွယ်ဦး၊ ဒုတိယဆုကို စေတုတ္တရာမြို့နယ်မှ မနွေးဒီဒီခိုင်နှင့် တတိယဆုကို မကွေးမြို့နယ်မှ မစုဒီလှိုင်းတို့က ရရှိခဲ့ကြပြီး၊ အမျိုးသားစက်ဘီးပြိုင်ပွဲတွင် ပထမဆုကို မကွေးမြို့နယ်မှ မောင်ညဏ်လင်းထက်၊ ဒုတိယဆုကို အောင်လံမြို့နယ်မှ မောင်ထူးအောင်ဝင်းနှင့် တတိယဆုကို စေတုတ္တရာမြို့နယ်မှ မောင်သူရကျော်တို့က ရရှိကာ၊ အမျိုးသား/အမျိုးသမီးစက်ဘီးပြိုင်ပွဲ ဆုရရှိသူများအား ပထမဆုကလပ်နှင့် ငွေသားဆု (သုံးသိန်း)၊ ဒုတိယဆုကလပ်နှင့် ငွေသားဆု(နှစ်သိန်း)၊ တတိယဆုကလပ်နှင့် ငွေသားဆု(တစ်သိန်း)ကျပ်စီ တို့အားလည်းကောင်း၊ နှစ်သိမ့်ဆုရရှိသူ အမျိုးသား/အမျိုးသမီး(၇)ဦးစီအား ဆုကလပ်နှင့် ငွေသားဆု (ခုနှစ်သောင်း)ကျပ်စီတို့အားလည်းကောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီး များ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များကဆုများ အသီးသီးချီးမြင့်ပေးအပ်ကာ၊ စက်ဘီးပြိုင်ပွဲ ပန်းဝင်လာသူအားလုံးကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုတ်ပြုဆုငွေများ အသီးသီးချီးမြင့်ပေးအပ်ခဲ့ကြသည်။
အဆိုပါ ဝန်ကြီးချုပ်ဖလား(၂၅)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး စက်ဘီးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စက်ဘီးပြိုင်ပွဲ လာရောက်ကြည့်ရှုအားပေးကြသည့် ပြည်သူများနှင့် စက်ဘီးပြိုင်ပွဲဝင် အားကစားမောင်/မယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မောင်ညီညာ
No comments:
Post a Comment