Wednesday, December 7, 2022

ပြည်ထောင်စုရာထူးဝန် အဖွဲ့ဝင် ဦးဆန်းမြင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) သို့ သွားရောက်ကြည့်ရှုစစ်ဆေး


 

နေပြည်တော် ဒီဇင်ဘာ ၆

ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့်သည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၅ ရက်က တက္ကသိုလ်၌ ဖွင့်လှစ်လျက်ရှိသော အလယ်အလတ်အဆင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာ သင်တန်းအမှတ်စဉ် (၇)၊ အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၁၀) နှင့် စာရေးဝန်ထမ်းအခြေခံသင်တန်း အမှတ်စဉ်(၁၀၂) သင်တန်းများ၏ သင်တန်းခန်းမများ၌ သင်တန်းအလိုက် ဆွေးနွေးပို့ချနေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ပြီး တက္ကသိုလ်စစ်ရေးပြကွင်းတွင် ကာကွယ်ရေးပညာဌာနမှ စစ်ရေးပြနှင့် လက်နက်ငယ်သင်ခန်းစာများ သင်ကြားလေ့ကျင့်ပေးနေသည့် အခြေအနေများကို ကြည့်ရှုပြီး သင်တန်းစားရိပ်သာတွင် အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၁၀) သင်တန်းသား၊ သင်တန်းသူများနှင့် ရင်းရင်းနှီးနှီး နေ့လယ်စာအတူသုံးဆောင်သည်။

ထို့နောက် တက္ကသိုလ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

သတင်းစဉ်

No comments:

Post a Comment