နေပြည်တော် ဒီဇင်ဘာ ၆
အရှေ့တောင် အာရှဗဟိုဘဏ်များအဖွဲ့ (The South East Asian Central Banks (SEACEN) Re-search and Training Centre) နှင့် ကမ္ဘောဒီးယားနိုင်ငံဗဟိုဘဏ်တို့မှကြီးမှူး၍ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိ(ပ်)မြို့၌ ဒီဇင်ဘာ ၅ ရက်တွင် (၅၈) ကြိမ်မြောက် အရှေ့တောင် အာရှ ဗဟိုဘဏ်များအဖွဲ့ ဂါဗာနာများညီလာခံ (58th SEA-CEN Governors' Conference/ High Level Seminar) နှင့် (၄၂) ကြိမ်မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့၏ ဂါဗာနာဘုတ်အဖွဲ့အစည်းအဝေး (42nd SEACEN Board of Governors-BOG Meeting) သို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ တက်ရောက်ခဲ့သည်။
ယင်းနေ့ နံနက်ပိုင်းတွင်
(၅၈) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့၏ ဂါဗာနာများညီလာခံ (58th
SEACEN Governors' Confe-rence/ High Level Seminar) ကို ကျင်းပရာ ရှေးဦးစွာ
ကမ္ဘောဒီးယားနိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Chea Chanto နှင့် SEACEN
အမှု ဆောင်ဒါရိုက်တာ Dr. Mangal Goswami တို့က
ကြိုဆိုနှုတ်ခွန်းဆက်စကားများပြောကြားကြ သည်။ ထို့နောက် “Current Policy
Challenges” ခေါင်းစဉ်နှင့် စပ်လျဉ်း၍ ဥရောပဗဟိုဘဏ် (European
Central Bank-ECB) ၏ အကြီးအကဲ Ms. Christine Lagarde ၊ ဟားဗတ်တက္ကသိုလ်မှ ပါမောက္ခ Dr. Larry Summers ၊ အပြည်ပြည်ဆိုင်ရာ
စာရင်း ရှင်းလင်းရေးဘဏ် (Bank for International Settlements-BIS) ၏ ဒုတိယအထွေထွေ မန်နေဂျာ Dr. Luiz Pereira da Silva နှင့်
စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့၏ ဦးဆောင် ညွှန်ကြားရေးမှူး Mr. Ravi Menon တို့က ဦးဆောင်ဆွေးနွေးကြပြီး၊ ဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသည့် ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့်
ကိုယ်စားလှယ်များက အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
ထို့နောက် “The
Global and Asia Economic Context” နှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ
ငွေကြေးရန်ပုံငွေအဖွဲ့ (Interna-tional Monetary Fund-IMF) ၏
အာရှပစိဖိတ်ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး Dr. Sanjaya Panth ကတင်ပြပြီး၊
တင်ပြချက်အပေါ် ထိုင်းနိုင်ငံဗဟိုဘဏ် ဥက္ကဋ္ဌ Dr. Setha-put
Suthiwartnarue-put ၊ ဟောင်ကောင်ငွေကြေးအာဏာပိုင်အဖွဲ့၏ ဒုတိယအမှုဆောင်အရာရှိချုပ်
Mr. Darryl Chan နှင့် အင်ဒိုနီးရှားနိုင်ငံ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ
Mr. Dody Waluyo တို့က ဦးဆောင်ဆွေးနွေးကြပြီး၊ ဆွေးနွေးချက်များအပေါ်
တက်ရောက်လာကြသည့် ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များက အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
ယင်းနောက် “Transition
Challenges and Scaling Up Climate Financing” နှင့်စပ်လျဉ်း ၍ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၏
ငွေရေးကြေးရေးနှင့် အရင်းအနှီးစျေးကွက်ဖွံ့ဖြိုးရေး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး Dr.
Fabio Natalucci က တင်ပြပြီး၊ တင်ပြချက်အပေါ် ဖိလစ်ပိုင်နိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌ
Dr. Felipe Medalla နှင့် Institute of Finance and Sustainability
၏ အကြီးအကဲ Dr. Ma Jun တို့က ဦးဆောင်ဆွေးနွေးကြပြီး၊
ဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသည့် ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ
က အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် (၄၂)
ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့၏ ဂါဗာနာဘုတ်အဖွဲ့ (42nd
SEACEN Board of Governors-BOG) အစည်းအဝေးကို ဆက်လက်ကျင်းပရာ SEACEN
အမှုဆောင်ဒါရိုက်တာ Dr. Man-gal Goswami က SEACEN
စင်တာ၏ ၂၀၂၂ ခုနှစ်အတွင်း နည်းဗျူဟာအစီအစဉ် အကောင်အထည်ဖော်မှုဆိုင်ရာ
အခြေအနေ၊ ၂၀၂၃ ခုနှစ်တွင် ဆောင်ရွက်မည့် အဆိုပြုလုပ်ငန်းများ၊ ၂၀၂၃ ခုနှစ်အတွက် အဆိုပြုဘတ်ဂျက်လျာထားမှုနှင့်
အခြားစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကို ဗဟိုဘဏ်ဥက္ကဋ္ဌများထံ တင်ပြလမ်းညွှန်မှုခံယူရာ
အဖွဲ့ဝင်ဗဟိုဘဏ် (၁၉) ဘဏ်တို့မှ ဗဟိုဘဏ်ဥက္ကဋ္ဌများက ဆက်လက်ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း
သိရသည်။
သတင်းစဉ်
No comments:
Post a Comment